MINE-28

6.9K 284 29
                                    

ဆေးခန်းအတွင်း သားလေးကကုတင်ပေါ်တွင်လဲလျောင်းနေကာ စစ်ဆေးနေတဲ့ဆရာဝန်ဘေး
ဂျီမင်းစိတ်ပူစွာရပ်စောင့်နေမိသည်။ ဂျွန်ကလဲ ကျွန်တော့်ပုခုံးကိုခပ်ဖွဖွ ဆုပ်ကိုင်ထားပေးသည်။

" ဆရာ သားလေးကဘယ်လိုဖြစ်တာလဲဟင်.."

" ကလေးက စိတ်ပူစရာမရှိပါဘူး..ရိုးရိုးဝမ်းချုပ်တာပါ... "

ကျွန်တော်နဲ့ဂျွန့်မှာ ဆရာဝန်စကားသံကြားမှ စိတ်သက်သာယာရတော့တယ်။ မနက်စာစားနေရင်းဖြင့် ဗိုက်အောင့်တယ်ဆိုပြီး ရုတ်တရက်ကြီးထငိုတဲ့သားကြောင့် ကျွန်တော်နဲ့ ဂျွန်မှာ ပြာဝေသွားရပြီး ဆေးခန်းကိုအမြန်ပြေးလာခဲ့ရတာ..

" ကလေးကို အမျှင်ဓာတ်ပါတဲ့အစားစာနဲ့ ရေများများတိုက်ပေးပါ.. သောက်ဆေးလေးတွေကိုလဲ ကျွန်တော်ညွှန်းပေးလိုက်ပါ့မယ်.."

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ.."

ဂျွန်က သားလေးကိုပွေ့ချီထားပြီး ကျွန်တော်ကတော့ ဆရာဝန်ညွှန်ကြားသမျှကို သေသေချာချာလိုက်မှတ်ရသည်။

" ကလေးနဲ့ဘယ်လိုတော်တာလဲ.."

" ကျွန်တော့်သားလေးပါ.."

" အာ... ကျွန်တော်ကညီအကိုထင်နေတာ.."

" ကျွန်တော်တို့နှစ်ယောက်ရဲ့ကလေးလေ.."

ဂျွန်ကရုတ်တရက်ကြီးဝင်ပြောသည်။ မျက်နှာကလဲ စူပုတ်လို့! သိလိုက်ပါပြီ..ဒီလောက်ဆို သူဘာဖြစ်နေမှန်း..

ထို့နောက် ဂျွန်ကသားလေးကိုပွေ့ချီကာဖြင့်
ကျွန်တော့်လက်ကိုလဲ ကိုင်တွယ်ထားရင်း ဆေးခန်းအပြင်သို့ထွက်လာခဲ့ကြသည်။

" ဂျွန့်...အဲ့မျက်နှာကြီးက ဘာဖြစ်နေတာလဲ.."

" ကိုယ်ကဘာဖြစ်နေလို့လဲ! "

" ဟိုဆရာဝန်ကိုစိတ်တိုနေတာမလား..ဟီး..တိုရင်လဲတိုချင်စရာပါလေ..ကျွန်တော်ကငယ်ငယ်ချောချောလေးဆိုတော့ကလေးအဖေလို့ ဘယ်ထင်ပါ့မလဲ.."

" မင်းတို့နှစ်ယောက်ကညီအကိုဆိုတော့ ကိုယ်ကကလေးအဖေကြီးလား ပြော! "

" ဟုတ်မှာပေါ့..ဟိ.."

" အေး..မင်းတော့လား..နောက်နေ့ကစပြီး မင်းနဖူးမှာယောင်္ကျားရှိသည်လို့ရေးထားရမယ်..ဒါမှဖွန်မကြောင်ကြမှာ.."

MINE [ Completed ] Where stories live. Discover now