ဂျွန့်အလုပ်ခန်းဘက်မှ ဖုန်းပြောသံတစ်ချို့..
" လာကြည့်လို့ရတယ်.."
" မင်းတို့ ဟန်းနီးမွန်းထွက်နေလို့ ဘာမှမပြောတာ "
" ဟုတ်ပြီ ထယ်ယောင်း "
တီ!
ဂျီမင်း သူ့အလုပ်ခန်းထဲက ဆိုဖာပေါ်မှာထိုင်လိုက်ပြီး..
" သား..ပါပါးမေးစရာရှိတယ်လာအုံး "
ဂျီမင်းခေါ်တော့ သူ့ဒယ်ဒီရင်ခွင်ထဲကနေ ထလာပြီး ကျွန်တော့်ရင်ခွင်ထဲသို့..
" ဒီနေ့ ကျောင်းကအိမ်စာမပေးလိုက်ဘူးလား.."
" ဟို..."
သူ့ဒယ်ဒီကိုလှည့်ကြည့်ပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေသည့်ပုံ။
" ပါး မေးနေတယ်လေ "
" ဟင့်..သားဒီနေ့ ကျောင်းသွားဘူး "
မျက်နှာငယ်လေးနဲ့အမှန်တိုင်းပြောလာသည့်သား... ဂျီမင်းကိုကျောင်းကဆရာမဖုန်းဆက်လို့အားလုံးသိပြီးပြီ။ ကျောင်းမသွားပဲ ဂျွန့်အလုပ်ကိုလိုက်သွားတာတဲ့လေ...
" ဘာလို့ကျောင်းမသွားတာလဲ "
" ဟို..သားက ဒီနေ့တစ်ရက်ထဲ "
" ဒါဆို ဘာလို့ပါပါးကိုလိမ်တာလဲ "
" ဟင့်.."
" ကလေးကလဲကွာ သားကတစ်ရက်ထဲကျောင်းမသွားတာပါ "
" သားနောက်ကိုအဲ့လိုမလုပ်ရဘူးနော်..မဟုတ်ရင်ပါးက သားကိုမချစ်ပဲနေမှာ.."
" ဟင့်အင်း..ဟင့်အင်း..သားလုပ်တော့ပါဘူး..သားတို့ကိုထားခဲ့ပါနဲ့ အီးဟီးးးးးးးးးးးးး "
" သားဘာလို့ငိုနေတာလဲ ပါး..သားတို့ကိုမထားခဲ့ပါဘူး.."
" ဒယ်ဒယ်နဲ့သားကိုမထားခဲ့ပါနဲ့ အူဝါးးးးးးးးးးးး"
သားကရှိုက်ကြီးတငင်ငိုကာ ဂျီမင်းကိုဖက်တွယ်လာသည်မို့ သားလေးကိုဆူမိတာကိုနောင်တရမိတယ်။
" သား..ပါပါးမထားခဲ့ပါဘူး..မငိုနဲ့နော်..သားလေး.."
ဂျွန်ကပါ ကျွန်တော်တို့ထိုင်တဲ့နေရာကိုလာကာ သားလေးကိုချော့မြှူသည်။ သားကငိုရင်းဖြင့်အိပ်ပျော်သွားသည်မို့ အခန်းထဲတွင်သွားသိပ်ကာ ဂျွန်နဲ့စကားပြောဖို့ အလုပ်ခန်းထဲလာခဲ့သည်။
ကျွန်တော်ဝင်လာတာကိုမြင်တော့..
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed