MINE-16

5.7K 288 5
                                    

3 ရက်ခန့်အကြာ......

" ဂျီဟို...အားလုံးအဆင်ပြေသွားပြီဆိုတော့..ဟျောင်းပြန်တော့မယ်နော်.."

" ဟုတ်ကဲ့ဟျောင်း..ကျေးဇူးအများကြီးတင်ပါတယ်..ဟီး.."

ဒီနေ့ပဲ ဂျီဟို့ညီမလေးကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခြင်း အောင်မြင်စွာပြီးဆုံးတာကြောင့် ဂျီဟို့နဲ့သူ့အမေအပါအဝင် ဂျီမင်းတို့ပါစိတ်သက်သာယာရသည်။

ရှေ့ရက်ကဆေးရုံပြောင်းတာကိုချက်ချင်းလုပ်ပြီး အဆင့်မြင့်ဆေးရုံဖြစ်တာကြောင့် ခွဲစိတ်သည့်ရက်ကစောရသည်။ ဂျီမင်းဒီနေ့လဲတစ်နေကုန်နီးပါး ဆေးရုံစောင့်ကူနေတာကြောင့် အိမ်ပြန်ကာအနားယူဖို့စိတ်ကူးထားသည်။ ခဏနေ ဟိုဆော့ဟျောင်းနဲ့ နမ်ဂျွန်းဟျောင်းတို့ပါရောက်လာတော့မှာဆိုတော့ ဂျီဟိုလဲအဖော်ရှိတာကြောင့် ပြန်လာခဲ့ခြင်း..။

" ဂရုစိုက်နော်..ဂျီဟို..ဟျောင်း နောက်နေ့မှလာတော့မယ်.."

" ဟုတ်..ဂျီမင်းဟျောင်း။ ဟျောင်းကနေ့တိုင်းလာနေတာပဲ နောက်နေ့ဟျောင်းအဆင်ပြေမှလာခဲ့ပါ.."

" အင်း..ဒါဆိုပြန်ပြီနော်.."

" ဟုတ် "

ဂျီမင်းဓာတ်လှေကားထဲဝင်သွားပြီးနောက် တံခါးပိတ်ခါနီးတွင်လူတစ်ယောက်ကအမြန်ပြေးဝင်လာသည်။
ဂျီမင်းအစကတော့ ဘယ်သူမှန်းသတိမမူမိပေမယ့် ဂျီမင်းပုခုံးကိုပုတ်လာတော့ လှည့်ကြည့်လိုက်သည်။ ဟင်!! ကင်မ်ထယ်ယောင်း...

" ဟင်း..! "

ဂျီမင်းကိုသွားစိကာ ပြုံးပြလာသည်။ ပုံမှန်အတိုင်းပြုံးပြတာမျိုးမဟုတ်ပဲ တမင်မပြုံးချင်ပဲပြုံးပြလာသည့်ပုံစံမျိုးဖြစ်တာကြောင့် ဂျီမင်းဂရုမစိုက်ပဲရှေ့သာလှည့်နေလိုက်သည်။

ဓာတ်လှေကားထဲကထွက်တော့လဲ သူကတောက်လျှောက်ဆက်လိုက်လာသည်။

" ကျွန်တော့်နောက်ကိုလိုက်နေတာလား.."

" ဘယ်လိုထင်လို့လဲ.."

" ဘာပြောစရာရှိလို့လဲ ကျွန်တော့်နောက်ကိုလိုက်နေတာ.."

" လိုက်ချင်လို့..မင်း ယွန်ဂီဟျောင်းနဲ့သွားချိန်းတွေ့ရင်ဘယ်လိုလုပ်မလဲ.."

MINE [ Completed ] Where stories live. Discover now