MINE -3

5.2K 328 9
                                    

ဂျီမင်း ည၇ခွဲလောက်မှာ ဆိုင်သိမ်းပြီးအိမ်ပြန်လာခဲ့သည်။ ဒီနေ့တော့ bar ကိုလဲသွားဖို့မလိုတော့ အိမ်ကိုသာတန်းပြန်လာခဲ့သည်။

အိမ်ပြန်ရတဲ့ခြေလှမ်းတွေကလဲ တကယ်လေးလံနေပြီ။ ဒီနေ့အလုပ်ပင်ပန်းတာရော၊ စိတ်ပင်ပန်းတာရောကြောင့် ဆိုင်မှာအလုပ်လုပ်ရတာလဲ အဆင်မပြေ။ အမှားမှားအယွင်းယွင်း​တွေပဲဖြစ် နေတာ တစ်ချိန်လုံး။ အဲ့တာဟိုလူကြောင့် တကယ်ဆို သူ့ပေါ်ကိုကော်ဖီလေးဖိတ်ကျသွားတာနဲ့ လူကိုအနိုင်ကျင့်စရာလား။ တောင်းလဲတောင်းပန်နေတာပဲလေ။ တောင်းပန်ရုံနဲ့​ခွင့်မလွှတ်တတ်ဘူးဆိုလဲ သူတွန်းပြစ်လိုက်လို့ ဂျီမင်းလဲကျသွားသေးသည် မဟုတ်လား။ အားချင်းမမျှဘူးဆိုပြီး သပ်သပ်အနိုင်ကျင့်သွားတာ။

ဟင်!

ဂျီမင်းရဲ့ မှေးကျဥ်းကျဥ်းမျက်လုံးအစုံတို့ ပြူး ​ ကျယ်ကုန်တော့သည်။ ဂျီမင်းအမြင်မမှားဘူးမလား။ ဂျီမင်းတို့နေတဲ့ အဆောက်အဦးရှေ့ကသစ်ပင်အောက်မှာ ရပ်နေတဲ့လူက ဟျောင်းလား။ မဖြစ်နိုင်တာ။ တဖြည်းဖြည်းနီးလာတာနဲ့အမျှ ပိုပြီး သိသာလာတဲ့ပုံရိပ်လေးက တကယ် ဟျောင်းလား။

"ဂျီမင်း! ... "

"ဟျောင်း! "

တကယ်ဟျောင်းပဲ။

ဂျီမင်း အမြန်ပြေးကာ ဟျောင်းရင်ခွင်ထဲတိုးဝင်ပြစ်သည်။ အားကိုးရာတွေ့သွားတဲ့ကလေးတစ်ယောက်လိုမျိုး ဟျောင်း ရင်ခွင်ထဲတိုးဝင်ကာ ငိုလိုက်မိသည်။ ဘယ်လောက်တောင် မျှော်နေခဲ့ရလဲဆိုတာ ဂျီမင်းသာအသိဆုံး...

"ကျွန်တော် ဟျောင်းကို အရမ်းသတိရနေတာ "

"ဟျောင်းလဲ ဂျီမင်းကိုအရမ်းလွမ်းနေတာပါ "

"ဟင့်! "

ဟျောင်းရင်ခွင်ထဲကို တဖန်ပြန်တိုးဝင်ကာ ငိုမိပြန်သည်။ ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ။ ဒီရင်ခွင်ကြီးကို ဒီအငွေ့အသက်တွေကို။ ဟျောင်းက ကျွန်တော့်ကိုထားသွားခဲ့တာ။

"ဘာလို့ငိုနေတာလဲ တိတ်တော့ ဟျောင်း ပြန်လာပြီပဲ "

"ကျွန်တော့်ကို ချစ်သေးရဲ့လား "

MINE [ Completed ] Where stories live. Discover now