" အ! ကျွတ်! ကျွတ်! "
ဂျီမင်းမနက်မိုးလင်းသည်အထိ နာကျင်မှုတွေကရှိနေသေးသည်။ မနေ့ကသန့်ရှင်းရေးလဲသေချာလုပ်ကာ ဆေးပါလိမ်းထားပေမယ့် နာနေဆဲ ။ သူ့အားကြီးတွေနဲ့ မစာမနာအနိုင်ကျင့်သွားတာကိုး..။
ဒီနေ့တော့ ဟိုဆော့ဟျောင်းတို့ဆီကိုသွားဖို့ စီစဉ်ထားသည်။ အပြင်မထွက်ဖို့ပြောထားပေမယ့် ဘယ်လိုလုပ်အိမ်ထဲမှာပဲနေနိုင်မှာလဲ။ သူကျကမ္ဘာပတ်နေပြီး...
ဓာတ်ပုံလေးလဲပြန်ပြင်ဖို့လဲစိတ်ကူးထားတာကြောင့် ဒီနေ့တစ်ခါတည်းလုပ်ခဲ့လိုက်မည်။ ဟိုဆော့ဟျောင်းနဲ့ ဂျီဟိုတို့ကိုလဲမတွေ့ရတာကြာနေပြီဖြစ်သည်။ တီလေးကိုရောပဲ တီလေးဆီလဲသွားရမယ်။
ရေချိုးပြီးပေါ့ပေါ့ပါးပါးအဝတ်အစားလဲကာ လွယ်နေကျအိတ်လေးဖြင့်ထွက်လာခဲ့လိုက်သည်။ Bus ကားဂိတ်ထိခြေလျင်သွားကာ တစ်ခဏတော့စောင့်ရသေးသည်။ အိမ်ကကားနဲ့မသွားဖြစ်တာက ဂျွန့်ကိုပြန်တိုင်ရင်ဘယ်လိုလုပ်မလဲ။ အိမ်ကအလုပ်သမားတွေကိစ္စမရှိပေမယ့် ကားမောင်းသမားကကျသူ့လူယုံဖြစ်နေတာလေ.....
" ဂျီမင်း..."
ဂျီမင်းခေါ်သံကြောင့် ကြည့်လိုက်တော့ ယွန်ဂီဟျောင်းဖြစ်နေသည်။
" ဟျောင်း.."
" ကိုယ်ဂျီမင်းကို သတိရနေတာ.."
" ဟုတ်.."
ဂျီမင်းဘေးဝင်ထိုင်ကာပြောလာသည့်မို့ ဟုတ် ဟုသာပြန်ပြောမိသည်။
" ဘယ်သွားမလို့လဲ.."
" ကျွန်တော် ဟိုဆော့ယျောင်းတို့ဆီ ခဏ။ ဟျောင်းကကော..."
" ဒီဘက်မှာအလုပ်ရှိလို့... ကလေးက! ဂျီမင်းကဆိုင်မှာမလုပ်တော့တာလား.."
ဂျီမင်းကို ကလေးလို့မှားခေါ်မိသွားပုံရကာ ဟျောင်းကအားနာနေသည့်ပုံကြောင့် ဂျီမင်းစိတ်သက်သာရာရစေရန်ပြန်ပြုံးပြလိုက်သည်..
" ဂျွန်ဂျောင်ကုနဲ့ တွဲနေတာလား..."
" ဟို.."
" ရတယ်..မင်းအဆင်မပြေရင်မဖြေပါနဲ့..."
" ကင်မ်ထယ်ယောင်းနဲ့ကော အဆင်ပြေရဲ့လား ဟျောင်း။ ဟိုတစ်ခေါက်က ကျွန်တော့်ကြောင့် ပြဿနာဖြစ်သွားတာ..."
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed