ယွန်ဂီယျောင်းတို့တိုက်ခန်းကနေ ပြေးထွက်လာခဲ့ပြီး အိမ်မပြန်ဖြစ်သေးပဲ ရောက်တတ်ရာရာကိုသွားနေမိသည်။ အိမ်ကိုလဲမပြန်ချင်သေး...
Buzz! Buzz!
ဖုန်းဝင်လာတာကြောင့်ကြည့်လိုက်တော့ တီလေး။ ဂျွန်ဂျောင်ကုက သူ့ဖုန်းနံပါတ်ကလွဲတခြားဖုန်းနံပါတ်တွေ မှတ်မထားရဘူးဆိုလို့ ဂျီမင်းမှာအလွတ်ကျက်ထားရတာ။
" ဟယ်လို.. တီလေး "
" အမယ်လေး..ငါ့တူရယ် ဂျွန်ဂျောင်ကုအိမ်ပြောင်းသွားပြီးကတည်းက ကိုယ့်အဒေါ်ဆီကိုဖုန်းလဲမဆက် လူလဲမလာ... နေနိုင်လွန်းတယ် အဒေါ်ဆိုတော့ တုန်းတိုက်တိုက်ကျားကိုက်ကိုက်ပေါ့လေ.."
" အဲ့လိုမဟုတ်ပါဘူး တီလေးကလဲ.."
" ကဲပါ တူလေး.. ငါ့ဆီငွေလေးနည်းနည်းလွှဲပေးပါဦး အခုစားဖို့ကိုမရှိတော့ဘူး...."
" ကျွန်တော့်မှာလဲ....."
" မရှိဘူးလို့တော့မပြောနဲနော် ဂျွန်ဂျောင်ကုနဲ့ပတ်သတ်နေပြီး ငွေမရှိဘူးပြောရင် နင့်အဒေါ်ငါက မယုံဘူး လွှဲပေးလိုက်!! "
" ဒါပေမယ့် အဲ့တာတွေက ကျွန်တော့်ပိုက်ဆံတွေမှမဟုတ်တာ..! "
" ဟဲ့! ငါ့တူ ခန္တာကိုယ်တစ်ခုလုံးပေးထားလို့ သူကလဲငွေတွေပြန်ပေးထားတာလေ အေး..အဲ့လိုတုံးတုံးအအလုပ်နေ ဘာမှမရပဲနေမယ်! ရတုန်းယူထား ငါ့တူရဲ့..."
" တီလေး! ကျွန်တော်လွှဲပေးလိုက်မယ် ရပြီလား..."
" အမယ်လေးတော် သူ့ကိုအားကိုနေရတယ်ဆိုပြီး လေသံကလဲမာနေလိုက်တာ.... "
" အဲ့လိုမဟုတ်ပါဘူး.. "
" ကဲပါ ငွေလွှဲပေးလိုက်! "
တီ!
ကျသွားပြီဖြစ်တဲ့ ဖုန်းကိုကြည့်ကာသက်ပြင်းချမိပြန်သည်။ ကိုယ့်အဒေါ်ဖြစ်တာကောင့် ဂျီမင်းလဲသူဌေးတစ်ယောက်လိုမျိုးထားချင်တာပေါ့။ ဒါပေမယ့်ပိုက်ဆံတွေက ဂျီမင်းဟာတွေမှမဟုတ်တာ။ ပြီးတော့ တီလေးထပ်ယူထားတဲ့ငွေတွေကလဲရှိသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဂျီမင်း တီလေးကိုငွေလွှဲပေးလိုက်ပါသည်။ အိမ်ကိုပြန်ဖို့အတွက် Taxi ငှားပြီး ကားပေါ်တတ်မလို့လုပ်တုန်း...
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed