MINE-20

6.1K 322 30
                                    

ကျွန်တော် အိပ်ယာမှနိုးလာတော့ ပထမဦးစွာ အခန်းပတ်ပတ်လည်ကို အရင်ကြည့်မိသည်။

ဒါညက ဂျီမင်းအိပ်ပျော်သွားတဲ့ အခန်းမဟုတ်ပဲ တခြားအခန်းထဲကိုရောက်နေတာ..
ပုံစံက ဟိုတယ်ခန်းမဟုတ်ပဲ ​အဖြူရောင်ကိုသုံးထားတဲ့အခန်းဖြစ်ပြီး ကျွန်တော့်ကိုယ့်ပေါ်မှာလဲ အိမ်နေရင်း အဝတ်အစားတွေရှိနှင့်နေပြီ။

ဂျွန်ကရော..ဂျွန် ဘယ်ရောက်သွားတာလဲ..

ညကအတူအချိန်ကုန်ဆုံးရင်း ကျွန်တော် အိပ်ပျော်သွားပုံရသည်။ လေယာဥ်စီးလို့ ပင်ပန်းထားတာရောဆိုတော့ လူကခံနိုင်ရည်မရှိဖြစ်သွားရတာ...

ချပ်!

တံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့..ဂျွန် ဖြစ်နေသည်။

" နိုးပြီလား.."

" ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ.."

" ကိုယ့် အဘိုးအိမ်.."

" ဟင်! "

" အဘိုးက ဟိုတယ်မှာမနေပဲ သူ့အိမ်မှာပဲနေရမယ်ဆိုလို့.."

" ဒါကိုမနှိုးဘူး..ဂျွန်ကလည်း.."

" မင်းအိပ်နေလို့.. "

" ဘိုးဘိုးကိုအားနာစရာ.."

" အင်း "

" ဂျွန် ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးမလား.."

" အင်း.."

" စိတ်ခုနေတာတွေရော ရှိသေးလား..ကျွန်တော် ဂျွန်ကျေနပ်တဲ့အထိ ရှင်းပြချင်တာ.."

" ရပါပြီ..အဲ့လောက်ထိမလိုပါဘူး..ကိုယ် ကလေးမဟုတ်တော့ဘူး.."

" ဟီး.."

" ဘာရယ်တာလဲ အဲ့တာက "

" မသိဘူး..ဂျွန့်ကိုချစ်လွန်းလို့.. "

" .... "

" ဂျွန်ရော ကျွန်တော့်ကို..! "

" နားလိုက်ဦး ခဏနေမနက်စာထွက်စား '

ဂျွန်က ထွက်သွားပြီ။ အင်းလေ...ဂျွန်ဘက်က ကျွန်တော့်ကိုချစ်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲ။

------

" ဒါဆို ဂျွန်ရဲ့ဖေဖေနဲ့မေမေက ကျွန်တော့်ကြောင့်.."

MINE [ Completed ] Where stories live. Discover now