" ထယ် သွားတော့မယ် ဟျောင်း! "
" ဘယ်သွားဖို့လဲ "
" ထယ့်ကို မလိုတော့ဘူးမလား ထယ်ထွက်သွားတော့မှာ။"
" ထယ်ယောင်း! မနေ့ကလဲဒီကိစ္စကို ဆွေးနွေးကြပြီးပြီမလား။ ကိုယ်တာဝန်ယူမှာ ယောက်ျားလေးနှစ်ယောက်ဖြစ်နေရင်တောင် ကိုယ်တာဝန်ယူမှာ"
"ဒါပေမယ့် ဟျောင်းက ဒီနေ့တစ်နေ့လုံး ထယ့်ကိုစကားမပြောဘူးလေ။ အခုညရောက်တော့မယ် "
" ကျစ်! စကားမပြောဘူးဆိုတာက မင်းကိုစိတ်အနှောင့်အရှက်မပေးချင်လို့။ ပြီးတော့ကိုယ်လဲတစ်ယောက်ထဲနေပြီး အချိန်ယူချင်သေးတယ် "
" ....... "
" ပြီးတော့ ဖြစ်ခဲ့တာတွေအတွက်လဲ တောင်းပန်တယ်။ ကိုယ်ဘယ်လိုလုပ်ပေးမှကျေနပ်မှာလဲ "
" ထယ့်ကိုချစ်ပေး! သူစိမ်းတစ်ယောက်လိုသဘောမထားပဲ ရင်းရင်းနှီးနှီးနေပေး! '
" အင်း ကိုယ်ကြိုးစားမယ် "
" ထယ်ကိုလက်ထပ်မှာလား "
" ...... "
" ဟျောင်း သေချားစဥ်းစားလိုက်ပါဦး "
" ကိုယ်တို့ အချိန်နည်းနည်းတော့ ယူရမယ်လေ။ ကိုယ်တို့ရင်းနှီးဖို့၊ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ အချိန်နည်းနည်းတော့ယူကြမယ်လေ နော်.."
" ..... "
" ငိုစရာမလိုဘူးလေ။ ဒီကိစ္စက ငိုစရာမှမဟုတ်တာ။ လာကိုယ်ဖက်ထားမယ် "
စကားပြောရင်း မျက်ရည်တွေကျလာသည်မို့ ယွန်ဂီဖက်ထားပေးလိုက်သည်။ သူလဲစိတ်ရှုတ်ထွေးနေမှာပဲလေ။ ယွန်ဂီလဲ ထိုကိစ္စကိုတာဝန်ယူဖို့အတွက်စိတ်ကူးပြီးသားပါ။ ထယ်ယောင်းက ယောက်ျားလေးဖြစ်နေပေမယ့် နစ်နာသူဖြစ်ခဲ့တာမလား။ သူစိမ်းအိမ်ကိုယုံယုံကြည်ကြည်လိုက်နေရင်း မမျှော်လင့်ပဲအမှားတွေဖြစ်သွားခဲ့တာ။
ပြီးတော့ ယွန်ဂီ ထိုကောင်လေးအပေါ်ကိုကျူးလွန်ခဲ့ပြီးမှ တာဝန်မမဲ့ချင်ပါ။ ဝတ္တရားအရဆိုတာထက် ယွန်ဂီထိုကောင်လေးကို လိုလိုလားလာနဲ့တာဝန်ယူချင်သည်။ ယွန်ဂီအခုဖြစ်နေတဲ့ ခံစားချက်ကိုလဲ ကိုယ်ကိုတိုင်နားမလည်ဘူးဖြစ်နေသည်။
YOU ARE READING
MINE [ Completed ]
FanficWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed