MINE-35

5.7K 299 45
                                    

မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသော အပြာရောင်အရိပ်ကလေး..

အပြာရောင်ညဝတ်အင်္ကျီလေးဖြင့် ဂျီမင်းတစ်ယောက် အဝတ်အစားပင်မလဲအားသေးပဲ ဂျွန်နဲ့သားလေးအတွက မနက်စာပြင်နေတယ်။

အစားအသောက်ပြင်ပေးမယ့်သူတွေ ရှိပေမယ့် သားနဲ့ဂျွန့်ကို ကျွန်တော်ကိုယ်တိုင် ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပေးချင်တာ။ အခုမနက်စာကတော့ ရိုးရိုးရှင်းရှင်း သားသိပ်ကြိုက်တဲ့ ပေါင်မုန့်ကြက်ဥကြော်လေးနဲ့ နွားနို့စစ်စစ်ရယ်၊ သားဒယ်ဒီအတွက်ကိုလဲ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီပူပူလေးပြင်ဆင်ထားသည်။

မနက်စာပြင်လို့ပြီးတော့မှ ဂျီမင်း အပေါ်ထပ်ကိုတဖန်ပြန်တတ်ခဲ့ကာ အခန်းထဲဝင်ကြည့်လိုက်တော့ သားကအိပ်နေဆဲ။ ဒီနေ့က သားကျောင်းပိတ်ရက်လဲဖြစ်တော့ အိပ်ပါစေတော့ဆိုပြီး လွှတ်ထားလိုက်တယ်။ အအိပ်ကြမ်းတမ်းသားက ခြေရင်းကိုခေါင်းရောက်နေပြီး ပြောင်းပြန်ဖြစ်နေပြီ။

သားကိုခဏထားခဲ့ပြီး ဂျွန်ရှိတဲ့နေရာကို လိုက်သွားလိုက်တယ်။

" ဒီလောက်ဗလကြီးတွေ ရှိနေတာကို ဘာလို့ဒါတွေကိုအပင်ပန်းခံနေတာလဲ "

" ကလေးကလဲကွာ ကိုယ်ကကျန်းမာရေးလောက်ပဲ လုပ်တာပါကွာ "

" ပြီးပြီလား.."

" အင်း "

" လာ..ကျွန်တော်ချွေးသုတ်ပေးမယ် "

ဂျွန်က ကျွန်တော့်နားကိုရောက်လာတော့ ချွေးတွေစိုနေတဲ့ ဂျွန့်ခန္တာကိုယ်ကြီးကို သေချာသုတ်ပေးလိုက်တယ်။

" မနက်စာပြင်ခဲ့ပြီ..ရေချိုးသန့်ရှင်းရေးလုပ်ပြီးရင် မနက်စာစားမယ် "

" ဟုတ်ကဲ့ပါဗျ "

" ဒီလူတော့! "

" လာ..ကိုယ့်ကိုသန့်ရှင်းရေးလုပ်ပေး "

" အမေ့! ပြုတ်ကျကုန်တော့မှာပဲ "

" မင်းယောင်္ကျားက ဗလကြီးနဲ့ပါကွာ "

ဂျွန်က ကျွန်တော့်ကိုပွေ့ချီပြီး ရေချိုးခန်းထဲခေါ်ဆောင်သွားသည်။ ရေပူ၊ ရေအေးသေချာစပ်ပေးပြီးတော့ ဂျွန်က bathtube ထဲဝင်ထိုင်၏။

MINE [ Completed ] Where stories live. Discover now