MINE-4

5K 320 5
                                    

" ဒီကိုဘာကိစ္စလာလဲသိမှာပါ "

"နောက်တစ်လလောက် ထပ်စောင့်ပေးပါဦးရှင် bar ကိုတော့မသိမ်းပါနဲ့ဦးရှင် ဟိုတိုက်ခန်းကိုလဲ ကျွန်မပြန်ရွေးမှာပါ "

" ခင်များရဲ့လောင်းကစားကြွေးတွေလဲ ကျွန်တော်တို့ပဲစိုက်ပေးထားရတာ သိမှာပါနော် "

"ဟုတ်ကဲ့ သိပါတယ် ကျွန်မအမြန်ဆုံးရှာပေးပါ့မယ် "

"ကျွန်တော့်သူဌေးက တစ်ပတ်အတွင်း လိုချင်တယ်လို့ပြောခိုင်းလိုက်ပါတယ် "

"ရှင်! တစ်ပတ်အတွင်းကြီးတော့ မလုပ်ပါနဲ့ရှင် ကျွန်မတို့တကယ်အဆင်မပြေလို့ပါ "

"တစ်ပတ်အတွင်းမရရင်တော့ စာရွက်စာတန်းနဲ့ သက်ဆိုင်ရာမှာ စကားပြောရပါလိမ့်မယ် ငွေပမာဏကလဲမနည်းဘူးမလား "

"အဲ့လိုတော့မလုပ်ပါနဲ့ရှင် ကျွန်မအမြန်ဆုံးရှာပေးပါ့မယ် "

"ကျွန်တော့်ကိုသွားခွင့်ပြုပါဦး အဒေါ်ကြီး "

ထသွားပြီဖြစ်တဲ့ ထောင်ထောင်မောင်းမောင်းနဲ့ကောင်လေးကို မကျေနပ်နိုင်ပါ။ ဒီငွေတွေအများကြီးကို တစ်ပတ်အတွင်းဘယ်လိုရှာပေးရမှာလဲ။ bar နဲ့ တိုက်ခန်းကိုသာသိမ်းရင် အလုပ်ရော နေစရာရောမရှိပဲ လမ်းဘေးရောက်မှာ။

မာရီရဲ့အကြွေးတွေအားလုံးက ဂျွန်ဂျောင်ကု ဆိုတဲ့လူဆီမှာ။ ဟိုတလောက ငွေရေးကြေးရေး ပြဿနာဖြစ်တုန်းက ထိုကောင်လေးကစိုက်ပေးခဲ့တာ။ အခုတော့ ချက်ချင်းကြီးပြန်တောင်းနေပြန်သည်။ တပတ်အတွင်း ဒီငွေပမာဏကိုဘယ်လိုပြန်ပေးနိုင်မှာလဲ။ အစကတော့ တူဖြစ်သူကိုသဘောကျလို့ ကူညီတယ်ထင်ခဲ့တာ ။ ဟိုတလောကတောင် တူလေးအခန်းထဲကိုငွေတွေပေးပြီးဝင်တွေ့ခဲ့သေးတာ။ ဟိုအကြောတင်းလေက ဘယ်လိုတွေလုပ်လိုက်လဲမသိ ဟိုကရိုက်တောင်သွားတယ်။

တကယ် အဲ့ကောင်လေးကလဲ အဒေါ်ကိုကူညီရကောင်းမှန်းမသိ ။ အခုလဲကြည့် bar ကိုလာရမယ့်ရက်မဟုတ်တော့မလာတော့တာ အရိပ်ကိုမမြင်ရ။ ဟူးးးးးးးး

မာရီ ငွေတစ်ပြားတစ်ချပ်မှ မပါတဲ့ပိုက်ဆံအိတ်ခပ်ကြီးကြီးကိုလွယ်ကာ တိုက်ခန်းကိုသာထွက်လာခဲ့သည်။ ကယ်မယ့်သူကလဲ ပတ်ဂျီမင်းအပြင်မရှိတော့။ သူ့အလှအပနဲ့ဆို ဒီငွေပမာဏဆိုတာ တစ်ခဏအတွင်းရနိုင်တာ။ ပတ်ဂျီမင်းကိုက တုံးအလွန်းပါတယ်လေ.......

MINE [ Completed ] Where stories live. Discover now