Ch 20

1.6K 188 0
                                    

Ch 20

ပန်ကိတ်တစ်ဝက်နဲ့ ယာဂုနည်းနည်းတောင် မစားဘူး။ ဝက်သားပြုတ်နီကိုဘဲ စားကြသည်။ တကယ်လို့ ကုချင်းယောင်က အဘိုးနဲ့အဘွားအတွက် အနည်းငယ် မယူထားပါက အကုန်လုံးနီးပါးက ကျောက်ရှောင်ဟွေ့နဲ့ ကုရုံချင်း တို့ရဲ့ ဗိုက်ထဲ ရောက်သွားမည် ဖြစ်သည်။မစားဘူး။ ဝက်သားပြုတ်နီကိုဘဲ စားကြသည်။ တကယ်လို့ ကုချင်းယောင်က အဘိုးနဲ့အဘွားအတွက် အနည်းငယ် မယူထားပါက အကုန်လုံးနီးပါးက ကျောက်ရှောင်ဟွေ့နဲ့ ကုရုန်ချင်း တို့ရဲ့ ဗိုက်ထဲ ရောက်သွားမည် ဖြစ်သည်။

ညစာစားပြီးနောက် ကုရုန်ချင်းက ပျောက်သွားသည်။ သူမက ကစားရန် ထွက်သွားခဲ့သည်။

ကျောက်ရှောင်ဟွေ့က မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးခြင်း၊ အိုးဆေးခြင်းနဲ့ ခြေထောက်ဆေးရန် ရေနွေးတည်နေသည်။ ထိုအရာတွေကို သူမ (ကျန်းဟွေ့) အဖေ ခိုင်းထားသောကြောင့် ဖြစ်သည်။ အများအားဖြင့် ဒီအရာတွေကို ကုချင်းယောင် သို့မဟုတ် အဘွား ဝမ်ရူယွီကသာ လုပ်ရသည်။ ကျောက်ရှောင်ဟွေ့နဲ့ ကုရုန်ချင်းတို့က မိသားစု ဘိုးဘေးတွေကဲ့သို့ ပြုမူနေကြသည်။

ကုချင်းယောင်က သူမရဲ့အခန်းထဲပြန်သွားပြီး သိုးမွှေးချည်တချို့ကို နေရာလွတ်ထဲတွင် မရှာခင် ခဏလောက် စဉ်းစားလိုက်သည်။

အရင်ဘဝက ဒါတွေကို စုဆောင်းထားပြီး အများကြီးရှိသေးသည်။ ဒါကြောင့် မိုဖေးဟန်အတွက် ဆွယ်တာအင်္ကျီ တစ်ထည်ထိုးရန် အနက်ရောင်သိုးမွှေးချည်ကို ထုတ်လိုက်သည်။ ဒီက ကိစ္စလုပ် ပြီးသွားရင် သူက ပြန်ထွက်သွားမည် ဖြစ်သည်။ သူနဲ့ အတူ ထည့်ပေးလိုရအောင် ချည်ထိုးရမည် ဖြစ်သည်။

ထို့နောက် သူမက နေရာလွတ်တွင် အချိန်များစွာ ရှိသည်ကို သတိရသွားသည်။ မိုဖေးဟန် မသွားခင်မှာ သူမက အင်္ကျီအများကြီး ထိုးပြီးသွားခဲ့သည်။

ကောင်းကင်က တဖြေးဖြေး မှောင်လာသည်။ လယ်သမား အများစုက ရေနံဆီ ဈေးကြီးတာကြောင့် မတတ်နိုင်သဖြင့် စောစောအိပ်ကြသည်။

လူတိုင်း အိပ်‌နေချိန်တွင် ကုချင်းယောင်က သိုးမွှေးချည်ကို ယူကာ နေရာလွတ်ထဲ ဝင်သွားသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now