Ch 59&60

1.7K 191 0
                                    

Ch 59

အရင်းအမြစ် ရှားပါးတဲ့ကာလမှာ အသား အနည်းငယ် စားရခြင်းက ကောင်းချီတစ်ခု ဖြစ်သည်။ မိသားစုများစွာက အသားမစားဘဲ တစ်နှစ်ပတ်လုံး နေကြရသည်။

ကုမိသားစုလည်း အတူတူပါဘဲ။

မုန်လာဥခြောက်ကို စားရင်း မျက်စိရှေ့မှာ အသားဟင်းပန်းကန်တွေ ကုန်သွားတာကို ကြည့်ရတာ ဘယ်လိုခံစားရမလဲ။

ကုချင်းယောင်က ကုရုန်ချင်း ဒေါသတကြီး ငိုနေတာကို သတိမထားမိ ဟန်ဆောင်နေသည်။ မုန်လာဥခြောက်ကို အေးဆေးစွာ စားသည်။ ရံဖန်ရံခါဘဲ စားတာမို့လို့ သူမအတွက် ကြီးကြီးမားမား မဟုတ်ပေ။

ကုချင်းယောင်ရဲ့ အေးဆေးတည်ငြိမ်တဲ့ အမူအရာကို မြင်တဲ့အခါ ကုရုန်ချင်းကို အံကြိတ်ကာ "နင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား? အသားမစားစေချင်လို့ ရည်ရွယ်ချက်ရှိရှိ တားခဲ့တာမလား။"

ကုချင်းယောင်က သူမကို တစ်ချက်ကြည့်လိုက်သည်။ "ဒီမှာ သက်ကြီးရွယ်အိုတွေ အများကြီး ရှိတယ်။ အသားကို စားခွင့်ပေးတာက သင့်လျော်တဲ့အရာဘဲ။ နင်ရဲ့အဖွားက နင့်ကို ထွက်သွားခိုင်းတာကို ဘာလို့ ငါကို လာပြီးစိတ်ဆိုးနေတာလဲ။"

"အမေ ကျောက်မိသားစုက တောင်သူလယ်သမား ဖြစ်ပြီး တော်လှန်တဲ့ တော်လှန်သူတွေလို့ မကြာခဏ ပြောတယ်လေ မဟုတ်ဖူးလား။ ဒါကြောင့် ညီမတို့ရဲ့ ပြန်လည်ထူထောင်ရေးကို ကောင်းကောင်း လက်ခံလို့ ကုမိသားစုက ကျောက်မိသားစုကို ကျွေးမွေးသင့်တာလေ။ ညီမ လုပ်တာ မှန်တယ်။ အနာဂတ်မှာ အစ်မကို ကောင်းကောင်း လမ်းညွှန်ပေးရမယ်။"

ကျောက်ရှောင်ဟွေ့ "........"

ကျောက်ရှောင်ဟွေ့သည်လည်းဘဲ အလွန်လောဘကြီးသည်။ အရင်က ကျောက်မိသားစုဆီ အစားအသောက်တွေ ယူသွားတဲ့အခါ သူမအမေက နည်းနည်းဘဲ ရှိတယ်လို့ ပြောပြီး နေ့လယ်စာ မစားရဘူးလို့ ပြောသည်။ သူမက တစ်နေ့လုံး အလုပ်ကြိုးစား လုပ်ခဲ့သော်လည်း နောက်ဆုံး အိမ်ပြန်လာတဲ့အချိန်တွင် ထမင်း ကောင်းကောင်း မစားရပေ။

သူမက ရက်အတော်ကြာအောင် စားကောင်းသောက်ဖွယ်ကို မစားခဲ့ရပေ။ ဝက်နံရိုးနဲ့ ငါးတွေတောင် ပျောက်သွားသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now