Ch 101&102

889 94 0
                                    

Ch 101

ကုချင်းယောင်က သူမရဲ့နှုတ်ခမ်းထောင့်က အပြုံးကို မဖုံးကွယ်နိုင်ပေ။

ကောင်မလေးတွေက ချိုသာတဲ့ စကားကိုပဲ သဘောကျကြပြီး ကုချင်းယောင်ကလည်း ချွင်းချက်မဟုတ်ပေ။ လူတိုင်းက သူတို့ကြိုက်တဲ့လူရဲ့ ပွေ့ဖက်မှုကို နှစ်သက်ကြပါသည်။ ကုချင်းယောင်က မိုဖေးဟန်က သူမကို ထိုကဲ့သို့ ဆက်ဆံတဲ့အတွက် ဝမ်းသာသည်။

"ညီမ... ညီမနေရာရောက်ပြီ!"

ဘုံလမ်းတလျှောက် လမ်းလျှောက်လာရင်း ခွဲခွာသွားသင့်ပေမယ့် မိုဖေးဟန်က သူမကို အိမ်ပြန်မပို့မချင်း သူနဲ့အတူ ဆက်လျှောက်သွားခဲ့သည်။

မိုဖေးဟန်က သူမကို ခြင်းတောင်းကို ပေးခဲ့ပြီး "နောက်ရက်အနည်းငယ်ကြာမှ အစ်ကို ကိစ္စတွေ လုပ်ရမှာ။ အစ်ကို အဆင်သင့်ဖြစ်ရင် လာခဲ့မယ် အစ်ကိုတို့ တောင်ပေါ်အတူတူ တက်တာပေါ့"

"ဟုတ်ကဲ့"

သူမက တံခါးဝသို့ ဝင်ကာ ပိတ်ရန် လှည့်လိုက်သည်။ မိုဖေးဟန်က နေရောင်ကို ကျောပေးပြီး ထိုနေရာတွင် ရပ်နေသေးသည်။ သူမက အလင်းရောင်ကို ရင်ဆိုင်ပြီး နေရောင်က သူမရ့ နူးညံ့သိမ်မွေ့သော မျက်နှာပေါ် ကျရောက်လာသည်။ သူမကို ကြည့်ရတာ ချစ်စရာကောင်းနေပုံရသည်။

ဒီဆွဲဆောင်မှုရှိတဲ့ ကောင်မလေးကို ကြည့်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ချစ်ခင်မြတ်နိုးနိုင်ပါစေလို့ ဆန္ဒပြုလိုက်သည်။

ကုရုန်ချင်းနှင့် ကျောက်ရှောင်ဟွေ့တို့ အိမ်ပြန်ရောက်နေတာကြသည်။ ကုချင်းယောင် ပြန်ရောက်လာသည်ကိုတွေ့တော့ သူတို့အခန်းထဲမှာ တစ်ခုခုပြောနေကြသည်။

ကုချင်းယောင်ရဲ့ နှုတ်ခမ်းများ လှုပ်ယမ်းသွားသော်လည်း ဘာမှမပြောဘဲ သူမအခန်းကို သွားခဲ့သည်။

သူမရဲ့အဘိုးနဲ့ အဘွားက နွားတင်းကုပ်တွင် အလုပ်လုပ်နေကြဆဲဖြစ်ပြီး ပြန်မလာသေးပေ။ ခဏကြာစဉ်းစားပြီးနောက် ကုချင်းယောင် သူမရဲအဘိုးနဲ့ အဘွားကို ရှာဖွေရန် သွားခဲ့သည်။

ညနေစောင်းနေပြီး ညစာစားချိန်ရောက်ပြီ ဖြစ်သည်။ ကုချင်းယောင်က သူတို့စားဖို့ တစ်ခုခု သွားပေးသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now