Ch 23&24

1.5K 178 0
                                    

Ch 23

အဘိုးကုက သူ့ရဲ့ နောက်ခံကြောင့် အလွန် အကူအညီမဲ့ နေခဲ့သည်။ သူ့တွင် အောင်မြင်မှု တစ်စုံတစ်ရာ မရှိဘဲ သူ့ရဲ့ သားစဉ်မြေးဆက်များကိုပါ ငြိစွန်းခဲ့သည်။ ပြစ်မှားခြင်း ခံခဲ့ရသည့်အတွက် မိသားစုတစ်ခုလုံးရဲ့ လုံခြုံရေးက တခြားအရာတွေထက် ပိုအရေးကြီးသည်။

ကျောက်ရှောင်ဟွေ့က ယုတ်မာတဲ့ ဇာတ်ကောင်ဖြစ်ပြီး ဒီမျိုးဆက်တွင် ယုတ်မာသော စရိုက်က မြင့်မြတ်တဲ့သူကို စော်ကားခြင်းထက် ပိုကောင်းသည်။

ကုမိသားစုက ပိုင်ဆိုင်မှုတချို့ ရှိပေမဲ့ ပွင့်ပွင့်လင်းလင်း မထုတ်ပြောရဲကြပေ။ ကုမိသားစုက ကျောက်ရှောင်ဟွေ့ လုပ်သွားတဲ့ အကျင့်စရိုက်ကို ခံနိုင်ရည် ရှိနေဆဲ ဖြစ်တာကြောင့် ကုချုံးဟွားက ဒီအချိန်တိုင်း သည်းခံနေခဲ့တာ ဖြစ်သည်။

ဆင်းရဲဒုက္ခ‌များ‌များစွာကို သိသိသာသာ ဖြတ်သန်းခဲ့ရသော အဘိုးကို ကြည့်ရင်း ကုချင်းယောင်ရဲ့ စိတ်ထဲ အနည်းငယ် နာကျင်လာသည်။ "အဘိုး စိတ်မပူပါနဲ့။ သမီး ကန့်သတ်ချက်တွေကို သိပါတယ်။ Qing မြစ်တပ်မဟာက လူတွေက တော်တော်ကောင်းပြီး ယုတ္တိရှိကြပါတယ်။ စိတ်မပူပါနဲ့။"

ကုယန်ရှန်က "အဖေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ မိသားစုအရေးကို ကောင်းကောင်း ဖြေရှင်းမှာပါ။ စိတ်ချနေပါ ‌အဖေ။"

ကုချုံးဟွားက နောက်တစ်ကြိမ် သက်ပြင်းချပြီး ရေချိုးရန် ဝမ်ရူယွီကို ခေါ်သွားခဲ့သည်။

ကုချင်းယောင်က နှုတ်ခမ်းကိုက်ပြီး သူမအဖေကို ကြည့်လိုက်သည်။

လူလတ်ပိုင်းအရွယ်ကို ရောက်ရှိလာသော်လည်း ကုယန်ရှန်ရဲ့ ပညာတတ် အသွင်အပြင်က အလွန်ခိုင်မာနေဆဲ ဖြစ်ပြီး အမူအရာက ထူးခြားလှသည်။ သူက ပြောင်မြောက်တဲ့ ရုပ်ရည်ဖြင့် သဘောကောင်းတဲ့ လူကြီးလူကောင်းများနဲ့ တူသည်။ အဘိုးနဲ့ အဘွားက ငယ်စဉ်က အလွန်ကြည့်ကောင်းကြပြီး ကုယန်ရှန်လည်း မဆိုးလှပေ။

ကုချင်းယောင်ရဲ့ အမြင်‌တွင် သူမအဖေကို နောက်ပိုင်းမျိုးဆက်များရဲ့ စံနှုန်းကို အသုံးပြုပြီး အကဲဖြတ်ပါက သူက နူးညံ့သိမ်မွေ့ သန့်စင်ပြီး ချောမောတဲ့ လူလတ်ပိုင်း ဦးလေး တစ်ယောက် ဖြစ်လိမ့်မည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now