Ch 43-44

1.3K 150 0
                                    

Ch 43

မိုဖေးဟန်က ပစ္စည်းအားလုံးကို ခြင်းတောင်းထဲ ထည့်ပြီး ကုချင်းယောင်နဲ့အတူ ထွက်သွားသည်။

လက်ဝတ်ရတနာများကို သေတ္တာသေးသေးလေးထဲတွင် ထည့်ထားပြီး ကုချင်းယောင်ရဲ့ အိတ်ထဲတွင် သိမ်းဆည်းထားသည်။ ကုချင်းယောင်က သေတ္တာကို လက်ညိုးထိုးပြရင်း ရှက်ရွံ့နေသည်။

"အစ်ကိုဖေးဟန်..."

"ဒါတွေက ညီမအတွက်ဘဲ။ ညီမ ကိုယ်တိုင် ဒါတွေကို သေချာသိမ်းထား။"

"ဒါပေမဲ့ ဒါတွေက အရမ်းတန်ဖိုးကြီးတယ်။ ညီမ.....အစ်ကိုအတွက် ဘာလုပ်ပေးရမလဲ? ညီမတို့ ပြန်လာရင် အစ်ကိုအတွက် တစ်ခုခု လဲပေးမယ် အဆင်ပြေလား?"

မိုဖေးဟန်က ပြုံးလိုက်သည်။ ယောင်ယောင်ရဲ့ လက်ဆောင်ကို လက်ခံရတာ ဝမ်းသားစရာဘဲ။

"ကောင်းပြီ အစ်ကို စောင့်နေမယ်။"

ကုချင်းယောင်က ပြုံးလိုက်သည်။ ဒီလူက သူမနဲ့ သက်ဆိုင်တယ်။ နောင်လာမဲ့ ကောင်းမှုမှန်သမျှက သူမတို့နှစ်ယောက် ပိုင်လိမ့်မယ်။ ကုချင်းယောင်က အငြင်းမပွားတော့ပေ။

သူရှေ့က ကောင်မလေးက ပြုံးနေသည်။ လက်ဝတ်ရတနာတွေရလို ပြောနိုင်သလို ကြီးကျယ်ခမ်းနားတဲ့ ရတနာတစ်ခုကို တွေ့လိုက်ရသလိုဘဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် သူမက ငြင်းပယ်ရန် အရိပ်အယောင်တောင် မပြခဲ့ပေ။

ဒါက မိုဖေးဟန် မှတ်မိတဲ့ ကုချင်းယောင်နဲ့ လုံးဝမတူပေ။

အရင်ဘဝတုန်းက ယောင်ယောင်က ကုမိသားစုရဲ့ ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့သည်။ ကုမိသားစုက အဓိကအိမ်ရှင်တွေ ဖြစ်ကြပြီး သူမရဲ့ အဘိုးအဖွားများက ပြန်လည်ထူထောင်ရေးတွေကို ခံယူခဲ့သည်။ သူမတို့ တစ်မိသားစုလုံးက ဂရုတစိုက် နေထိုင်ကြသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်တွင် ကုမိသားစုရဲ့ ပညာရပ်ဆိုင်ရာ ထုံးထမ်းစဉ်လာများနဲ့အတူ ယောင်ယောင်က နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေး  ရှ်ိခဲ့သည်။

ကုမိသားစုရဲ့ ဖွဲ့စည်းပုံကြောင့် ယောင်ယောင်က ကျောက်မျက်ရတနာနဲ့ အဖိုးတန်ကျောက်မျက်များကို အမြဲလိုလို ငြင်းပယ်နေခဲ့သည်။ အဲဒါတွေကို မကြိုက်တာ မဟုတ်ပေ။ အမှန်က လက်မခံရဲတာ ဖြစ်သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now