Ch 29&30

1.5K 169 0
                                    

Ch 29

ကုချင်းယောင်က အေးစက်စွာ ရယ်မောလိုက်သည်။ "နင့်ရဲ့ နာမည်က ကုပါ။ နင်လည်းဘဲ အနက်ရောင် အမျိုးအစားထဲက ငါးဘဲလေ။ ဘာဖြစ်ချင်တာလဲ? အလုပ်မလုပ်ချင်ပေမဲ့ အစားတော့ စားချင်တယ်။ နင့်ကို ခစားအောင်လည်း တခြားသူကိုတောင် ခိုင်းလိုက်သေးတယ်။ နင်က အပျော်အပါးလိုက်စားပြီး အိမ်ရှင်တစ်ယောက်လို ပြုမူနေတယ်။ နင်က အပြစ်ပေးမှ ရမဲ့သူ။ နင်မလုပ်ရင် နင် အစားမစားဖို့ ငါဆက်တားမယ်။"

"ငါအမေက တကယ့်တောင်သူလယ်သမား တော်လှန်သူ နင်က....."

"နင့်အမေက တောင်သူလယ်သမား ဖြစ်တာ မှန်ပေမဲ့ သူမ ပြောစရာ ဘာမှမရှိဘူး။ သူမက ကုမိသားစုလို့ မကောင်းတဲ့ဒြပ်စင်မိသားစုနဲ့ အိမ်ထောင်ကျတဲ့အတွက် သူမလည်းဘဲ မကောင်းတဲ့ဒြပ်စစ်ဘဲ။ ငါရဲ့ အဘိုးနဲ့အဘွားက သူတို့ရဲ့ အမှားကို စိတ်ရင်းမှန်နဲ့ အသိအမှတ်ပြုပြီး နေ့တိုင်း ကိုယ့်ကိုယ်ကို လေးလေးနက်ကန်နဲ့ ဝေဖန်ပြီး ကြိုးစားနေတယ်။ သူတို့က သူတို့လုပ်အားနဲ့ အသွင်ပြောင်းလာတာ။"

"နင့်အမေက ဘာလုပ်လဲ။ ငါ့ရဲ့အကြီးဆုံးနဲ့ ဒုတိယ ဦးလေးတို့က မိသားစုကို ထောက်ပံ့ဖို့ အရင်းအနှီးတချို့ ပို့ပေးတာကို နင့်အမေက သူမမိသားစုကို ပြန်ပို့တယ်လေ။ ဒါ့အပြင် သူမက တခြားသူတွေ သူမကို ခံစားတာကို မျှော်လင့်ရင်း နေ့တိုင်း အပျင်းထစ်နေတယ်လေ။ နင်တို့နှစ်ယောက်ကမှ တကယ့်အရင်းရှင်တွေ။ ပြုပြင်ပြောင်းလဲဖို့ နွားတင်းကုပ်ကို ပို့သင့်တယ်။"

"အမှိုက်!" ကုရုန်ချင်းက အလွန်ထိတ်လန့်ပြီး ဖျော့တော့သွားသည်။

ဒီလိုတံဆိပ်မျိုး ရရင် သူမနဲ့ သူမ‌အမေက သွားပြီ။ ဒီကုချင်းယောင်က အရမ်းမိုက်တယ်။ သူမနဲ့ သူမအမေကို သေတဲ့အထိ မောင်းထုတ်မလား မသိဘူး။

ဒါပေမဲ့ သူမနဲ့ ကျောက်ရှောင်ဟွေ့တို့က ကုမိသားစုအပေါ် ဒီလိုခြိမ်းခြောက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့တာကို သူမ မမှတ်မိခဲ့ပေ။

ကုချင်းယောင်က အေးစက်စွာ ရယ်မောလိုက်သည်။ "အမှိုက်? ငါက အမှိုက်ကို ပြောနေတာ မဟုတ်ဘူး။ ဒီအသက်အရွယ်ရောက်နေပြီ ဟင်းချက်နည်းကို မသိဘူး မလား။ နင်က ဇိမ်ခံတဲ့ ဘဝကို မဖြတ်သန်းဘူးလို့ မငြင်းရဲဘူးမလား။"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now