Ch 87&88

1K 134 0
                                    

Ch 87

ချန်ကုံးတန်က ကုချင်းယောင်ကို မကြည့်ခင် အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီး "အစ်မကု..... ကျွန်တော် ထွက်သွားချင်ပေမယ့်... အကြီးဆုံးဦးလေးနဲ့ သူ့မိသားစုက ကျွန်တော်တို့ကို ခွင့်မပြုမှာကို ကြောက်တယ်။ အိမ်က ယူထားပြီးသား အဖွားက ဘာမှမရှိဘူး၊နေစရာနေရာတောင်မရှိရင် ညီမငယ်ကို ခေါ်သွားလို့မရဘူး။ စပါးမဝေရသေးဘူး။ အကြီးဆုံဦးလေးဆီ စပါးတစ်ခုခု ရနိုင်‌ပေါ့မလား သံသယဖြစ်မ်ိတယ်။”

ဆိုလိုတာက သူ ထွက်ခွာဖို့ စိတ်ကူးထားပြီးသားလို့ ပြောပေမယ့် ကောင်းမွန်တဲ့ အစီအစဉ်ကို မစဉ်းစားသေးပေ။

ကုချင်းယောင်က "တကယ်လို့ မင်းထွက်သွားဖို့ စိတ်ကူးထားရင် မင်းသေချာပေါက် အောင်မြင်မယ်လို့ ငါထင်တယ်။ အခု မင်းနဲ့ ရှောင်ချောင်က မင်းနဲ့ စပါးခွဲဝေရမှာဆိုတော့ မင်းရဲ့အကြီးဆုံးဦးလေး မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလေ။"

"ကုံးတန် မင်းတကယ်ထွက်သွားချင်တယ်ဆိုရင် မင်းရဲ့အိမ်ဟောင်းကို မေ့လိုက်ပါ။ တပ်မဟာထဲမှာ အိမ်အလွတ်တစ်လုံးရှာပြီး အဲဒီနေရာမှာနေပါ။ မင်းသူတို့နဲ့ တတ်နိုင်သမျှ ဝေးဝေးမှာနေသင့်တယ်။ စားနပ်ရိက္ခာအတွက် အစ်မကုက အာမခံတယ်။ မင်း မကြီးပြင်းခင် နှစ်အနည်းငယ်အလိုမှာ ရှောင်ချောင် တစ်ခုခုစားဖို့ ငါသေချာအောင်လုပ်မှာပါ။"

ချန်ကုံးတန် အံ့သြသွားသည်။

"တကယ်လား?"

ကုချင်းယောင်က ပြုံးပြလိုက်သည်။ "သေချာတာပေါ့၊ မင်းစဉ်းစားကြည့် မင်းအသက်က ဆယ့်သုံးနှစ်ရှိနေပြီ။ နှစ်သစ်ရောက်ရင် မင်းဆယ့်လေးနှစ်ပြည့်တော့မယ်။ အခု မင်းအလုပ်ကရတဲ့ အလုပ်က မင်းကို ထောက်ပံ့ဖို့ လုံလောက်သွားပြီ။ နောက်သုံးနှစ် လေးနှစ်လောက်ကြာရင် မင်းက အရွယ်ရောက်ပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါဆို မင်းကိုယ်တိုင်နဲ့ မင်းညီမလေးကို ထောက်ပံ့ဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။"

"ဒါက နှစ်အနည်းငယ်ပဲရှိသေးတာ။ လာမယ့်နှစ်အနည်းငယ်မှာ၊ ချောင်အာက စားစရာမရှိရင်၊ ငါက ချို့တဲ့မှုကို အမြဲတမ်း ဖြည့်ဆည်းပေးနိုင်တယ်။ မင်းလုပ်ရမှာက မင်းကိုယ်မင်း ထောက်ပံ့ဖို့ပဲ၊ ရှောင်ချောင်အတွက် စိတ်ပူနေစရာ မလိုဘူး။"
(ချောင်အာ ချစ်စနိုးနဲ့ခေါ်တာပါ။ အဖျားစွတ်ခေါ်တာပါ။)

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now