Ch 105
ကျောက်မိသားစုက ကုချုံးဟွားကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
ကုချုံးဟွားက ဆရာဝန်တစ်ယောက်ဖြစ်ပြီး အခု ကျောက်ကျန်းကော်က ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်းတို့က သဘာဝအတိုင်း ဆရာဝန်ကို အားကိုးသည်။
ကုချုံးဟွားက သူ့ကို စစ်ဆေးရန် သွားခဲ့သည်။ ကျောက်ကျန်းကော်ရဲ့ မျက်နှာက ပွန်းပဲ့နေပြီး ရောင်ရမ်းနေတာကို မြင်လိုက်ရသည်။ သူက ထိတ်လန့်သော မျက်နှာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေကာ နာကျင်သည်ဟု ဆက်၍အော်ကာ... သရဲ ရှိနေသည်ဟုလည်း အော်နေသည်။
သူ တုန်လှုပ်သွားတယ်!
အို ဘုရားရေ ရက်စက်လွန်းပါတယ်။ ဒါက အမှန်တကယ် ရက်စက်ကြမ်းကြုတ်လှ၏။
ကုချုံးဟွားက အခြေအနေတိုင်းတွင် ကြင်နာတတ်တဲ့ နူးညံ့သိမ်မွေ့တဲ့ ပညာရှင်တစ်ယောက် မဟုတ်ပေ။ သူတပါးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပေမယ့် ဒီီကျောက်မိသားစုက သူ့မိသားစုကို အမြဲအနိုင်ကျင့့်နေတာ သူသိသည်။
ကျောက်မိသားစုအပေါ် ကောင်းမွန်တဲ့ ခံစားချက်တွေ မရှိခဲ့ပေ။ ကျောက်ကျန်းကော်လိုမျိုး ယုတ်မာတဲ့ လူယုတ်မာတစ်ယောက် အရိုက်ခံရတာကို တွေ့လိုက်ရလို့ စိတ်ထဲမှာ ဝမ်းသာနေခဲ့သည်။
ကျောက်ကျန်းကော်က သရဲလို့ အော်နေတုန်း ကုချုံးဟွားက သူ့ဆီသွားပြီး "မလှုပ်နဲ့၊ မင်းကို စစ်ဆေးကြည့်ရအောင်..."
"Ah Ah Ah အနားကို မလာနဲ့ ၊ အနားကို မလာနဲ့ ... သရဲ... "
ထိုစကားကို ကြားတဲ့အခါ ဝမ်မင်းတောက်က တုန်လှုပ်သွားသည်။ "ကျောက်ကျန်းကော် ပါးစပ်ပိတ်ထား။ ထိန်ထိန်လင်းနေတဲ့ နေခင်းကြောင်တောင်မှာ ဘယ်လိုလုပ် သရဲ ရှိမှာလဲ၊ ငါတို့ ဘယ်ခေတ်ရောက်ပြီလဲ၊ မင်းဘာတွေအော်နေတာလဲ"
"မင်းကိုယ်တိုင် အရက်သောက်ပြီး စိတ်ရှုပ်နေတယ်မဟုတ်လား အခုတိတ်ဆိတ်နေ!"
ဒီခေတ်မှာ ဒါတွေကို အယူသီးမှုတွေလို့ ယူဆကြသည်။ လူအများစုက ၎င်းတို့ကို မပြောရဲကြဘဲ သိပ္ပံပညာကိုသာ ယုံကြည်ကြသည်။ သူတို့ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ ဂါရဝပြုခွင့်တောင် မရခဲ့ကြပေ။ ကျောက်ကျန်းကော် က ပဒေသရာဇ်အယူသီးမှုတွေကြောင့် ပွင့်ပွင့်လင်းလင်း ကြွေးကြော်နေခဲ့ကြသည်။
YOU ARE READING
ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်း
RomanceCh 1443 MC Gu Qing Yao ( ကုချင်းယောင်) ML Mo Bei Han ( မိုဖေးဟန်) စုံတွဲတစ်တွဲက အတူတူပြန်လည်မွေးဖွားလာကာ တစ်ယောက်ကိုတစ်ယောက် ညှို့ယူနေကြသည်။ သူမရဲ့ အရင်ဘဝတုန်းက ကုချင်းယောင်က သူ့ကိုလက်ထပ်ချင်ပေမဲ့ သတ္တိမရှိခဲ့ဘူး။ ယခု သူမပြန်လည်မွေးဖွားချိန်တွင် သူမ...