Ch 31
ညစာအတွက် ဂျုံပေါင်မုန့်တစ်လုံးနဲ့ ဂျုံယာဂုတစ်ပန်းကန်ရှိပြီး အပိုမရှိပေ။
ကုယန်ရှန်ကြောင့် ကုရုန်ချင်းက ဆက်မပြောဝံ့တာကြောင့် လွှတ်ထားလိုက်ရသည်။
ကုချင်းယောင်က ပန်းကန်များနဲ့ အိုးများကို ဆေးကြောသည်။ သူမ မီးဖိုချောင်ထဲက မထွက်ခင်မှာ ငါး၊ အသားနဲ့ ငှက်အားလုံးကို space ထဲ ထည့်လိုက်သည်။ စပါးကောင်းတွေကိုတောင် မချန်ခဲ့ပေ။
နောက်ကျရင် ကျောက်ရှောင်ဟွေ့က မိသားစုထဲမှ အစားအစာတစ်ဖဲ့ကိုတောင် မယူနိုင်တော့ပေ။ ဘာဘဲဖြစ်ဖြစ် သူမအဖေကို အမှန်အတိုင်း ပြောပြီးပြီ။ သူမအဖေက သူမကို သေချာပေါက် ကာကွယ်ပေးမည် ဖြစ်သည်။
ကုချင်းယောင်က သူမ ထွက်သွားချိန်တွင် မီးဖိုချောင်တံခါးကိုပင် သော့ခတ်ခဲ့သည်။
မမှောင်သေးတဲ့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းကိုသွားပြီး မုန်လာဥပင်ပေါက်တွေကို ဆက်ကောက်သည်။ ဒါတွေကို ဆားနယ်ကာ အခြောက်လှန်းပြီး ထိန်းသိမ်းထားတဲ့ အသီးအရွက်တွေ အဖြစ်ပြုလုပ်သည်။ ဆောင်းရာသီတွင် အချဉ်အဖြစ်စားကြပြီး တော်တော်အရသာရှိသည်။
အညွှန့်တောင်းနှစ်တောင်းကို ခူးယူပြီးနောက် ကောင်းကင်က မှောင်စပြုလာကာ ကျောက်ရှောင်ဟွေ့ ပြန်ရောက်လာသည်။
သူမတို့နှစ်ယောက် ခြံဝင်းထဲကို ပြေးလာကြသည်။
ကုချင်းယောင်ကို တွေ့တဲ့အခါ ကျောက်ရှောင်ဟွေ့ရဲ့ အမူအရာက ရုပ်ဆိုးသွားသည်။ အသက် 15 နှစ်အရွယ် မိန်းကလေးက ဖွံ့ဖြိုးစပြုနေပြီ အမှန်တကယ် လှပ လှသည်။
သူမ (ကုချင်းယောင်)က လယ်သမားမိန်းကလေး ဖြစ်သော်လည်း ကျောက်ရှောင်ဟွေ့က စက်ဆုပ်ရွံ့စွာဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတစ်ခုကို တွေ့လိုက်ရသည်။ သူမ (ကျောက်ရှောင်ဟွေ့) က ပညာမတတ်သဖြင့် ကုချင်းယောင်ရဲ့ ရောင်ဝါကို မပြောပြနိုင်ပေ။ ဒါပေမဲ့ ကုချင်းယောင်ကို ကြည့်လိုက်တဲ့အခါ မြို့ထဲက မိန်းကလေးတစ်ယောက်လို ခံစားရပြီး ကျောက်ရှောင်ဟွေ့က သူမကို မထီမဲ့မြင် ပြုစေသည်။

YOU ARE READING
ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်း
Любовные романыCh 1443 MC Gu Qing Yao ( ကုချင်းယောင်) ML Mo Bei Han ( မိုဖေးဟန်) စုံတွဲတစ်တွဲက အတူတူပြန်လည်မွေးဖွားလာကာ တစ်ယောက်ကိုတစ်ယောက် ညှို့ယူနေကြသည်။ သူမရဲ့ အရင်ဘဝတုန်းက ကုချင်းယောင်က သူ့ကိုလက်ထပ်ချင်ပေမဲ့ သတ္တိမရှိခဲ့ဘူး။ ယခု သူမပြန်လည်မွေးဖွားချိန်တွင် သူမ...