Ch 79&80

1.2K 141 0
                                    

Ch 79

ကုယန်ရှန် ထွက်သွားတာနဲ့ အိမ်က တော်တော်ကို လွတ်လွတ်လပ်လပ် ခံစားရသည်။

ဒါပေမယ့် ကျောက်ရှောင်ဟွေ့ အတွက် အများကြီး ပိုလွယ်ကူစေခဲ့သည်။

သူမက ဝမ်ကော်ကျူးနဲ့ ဆက်ဆံရေး အမြင့်ဆုံးတွင် ရှိနေသည်။ သူမ နေ့တိုင်း သူ့ကို မတွေ့ရရင် စိတ်မသက်မသာ ဖြစ်နေသည်။

ကုယန်ရှန် ထွက်သွားပြီးနောက် သူမက သုံးရက်မှ လေးရက်တစ်ကြိမ် မြို့သို့သွားသည်။ ထို့နောက် သူမက နှစ်ရက်တစ်ကြိမ် သွားသည်။ နောက်ပိုင်းတွင် သူမသည် နေ့တိုင်းသွားသည်။ တစ်ကြိမ်တိုင်း နံနက်စောစောထွက်ပြီး လုံးဝမှောင်တဲ့ထိ ပြန်မလာသေးပေ။

ပြန်လာတဲ့အခါ အမြဲတမ်း တောက်ပနေတဲ့ပုံပေါ်ပြီး သူမ လမ်းလျှောက်တဲ့ ပုံစံကတောင် မတူပါပေ။

ဒါကိုမြင်တော့ ကုချင်းယောင်က စက်ဆုပ်သွားသည်။

ဘာဆေးတွေသုံးဖူးလဲ သူမ သိသည်။ သူမအဖေသုံးတဲ့ ဆေးရဲ့အာနိသင်ကိုလည်း သိသည်။ ၎င်းက ပြင်းထန်တဲ့ဆေးတွေ မဟုတ်ဘူးဆိုတာ သေချာသည်။

အရှက်အကြောက်ကြီးတဲ့ အမျိုးသမီးတိုင်း ဒီအတိုင်းပဲ စိတ်အားထက်သန်စွာ ထွက်သွားမှာ သေချာပါသည်။

ထိုအကြောင်းကို တွေးလိုက်မိတဲ့အခါတိုင်း သူမက သူမအဖေအတွက် စိတ်မကောင်း ဖြစ်မနေနိုင်တော့ဘဲ ကျောက်ရှောင်ဟွေ့ကဲ့သို့ အမျိုးသမီးတစ်ယောက်နဲ့ ဘယ်လို လက်ထပ်ခဲ့မိလည်းဆိုတာ တွေးမိသည်။

ကုချင်းယောင်က မီးဖိုချောင်တံခါးဝတွင် ထိုင်နေပြီး သူမရဲ့အတိတ်ဘဝက အဖြစ်အပျက်များကို တွေးတောရင်း သူမရဲ့မေးစေ့ကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။

အရင်ဘဝတုန်းက ကျောက်ရှောင်ဟွေ့က အဖေ့ကို သစ္စာဖောက်ခဲ့ဖူးသည်။ သူမမှာ ဝမ်ကော်ကျူးနဲ့ရတဲ့ သမီးတစ်ယောက် ရှိရုံသာမက ကုယန်ရှန်က ဖခင်ဖြစ်တယ်လို့ ပြောပြီး ကလေးကို အိမ်ပြန်ခေါ်လာခဲ့သည်။ ဝမ်ကော်ကျူးနဲ့ အတူရှိနေပြီး ကလေးတစ်ယောက်တောင် မွေးခဲ့သည်။

နောက်ပိုင်းတွင် ကျောက်ရှောင်ဟွေ့က ကုမိသားစုကို ဆင်းရဲတာကြောင့် မထီမဲ့မြင်ပြုပြီး ဝမ်ကော်ကျူးနဲ့ မြို့တွင် နေထိုင်လိုတာကြောင့် သူမက အဖေနဲ့ကွာရှင်းပြီး ကုရုန်ချင်းကို သူမနဲ့အတူ ခေါ်သွားခဲ့သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now