Ch 27&28

1.4K 175 0
                                    


မနေ့က မီးပျက်နေလို့ မတင်လိုက်တာပါ။
ဒီနေ့အပိုင်းက ဆဲရမှာပါ။

Ch 27

ထိုစကားကြောင့် မိုဖေးဟန်ရဲ့ နှလုံးခုန်သံ

သူ့ရှေ့က မိန်းကလေးက ချောမောလှပသည်။ သူမတွင် ဖြူစင်တဲ့ အသားအရေရှိပြီး သူ့ကို ကြည်တဲ့အခါ အထူးလှပတဲ့ မျက်လုံးများ ရှိသည်။

အခု သူမရဲ့ ရင်နှီးတဲ့လေသံ၏ အသံကြောင့် သူ့နှလုံးသားထဲတွင် ပျားရည်များ ရွှဲနစ်နေသလို ပျော်ရွှင်သွားသည်။

အရင်ဘဝက ဒီမိန်းကလေးကို ချစ်ခဲ့ဖူးပြီး ကြီးပြင်းလာဖို့ စောင့်မျှော်နေခဲ့သည်။ ဒါပေမဲ့ ရှုပ်ထွေးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် လွဲချော်ခဲ့ကြသည်။

အရင်ဘဝက အိပ်မက်ထဲမှာတောင် သူမနဲ့ အတူရှိချင်ခဲ့သည်။ ဒါပေမဲ့ အခု ပြန်လည်မွေးဖွားလာခဲ့ပြီး သူရှေ့က မိန်းကလေးက ဘယ်လိုမုန်းတီးမှုမှ မရှိဘဲ သူမစိတ်ထဲတွင်လည်း အမြဲတစေ ပူပန် ကြောက်ရွံ့နေတာမျိုးလည်း မရှိပေ။ ဒါအပြင် သူမကို ဘယ်သူမှ စော်ကားနှိမ့်ချမည် မဟုတ်ပေ။ သူမက အပြစ်ကင်းစင်ပြီး သနားကြင်နာတတ်သည့် 15 နှစ်သာ ရှိသေးသည်။

အိုး ဘာလို့ သူ ပွေ့ဖက်နမ်းချင် နေရတာလဲ။

ဒါပေမဲ့ မိုဖေးဟန်က ဒီအချိန်တွင် ထိုအရာကို မလုပ်ဆောင်နိုင်သည်ကို သတိပြုမိသည်။ မဟုတ်ရင် သူမက သူ့ကို လျစ်လျူရှုမည် ဖြစ်သည်။

"အစ်ကို တတ်နိုင်တယ်..... ညီမကို ထောက်ပံ့ပေးနိုင်တယ်။ အစ်ကို.... ညီမကို ဒုက္ခမပေးပါဘူး။"။ မိုဖေးဟန် အလွန်စိတ်လှုပ်ရှားပြီး အနည်းငယ် စကားထစ်သွားခဲ့သည်။

"ဟားဟား" ရယ်မောသံက ကုချင်းယောင်ရဲ့ နှုတ်ခမ်းကနေ ထွက်လာသည်။
(နူးနူးညံ့ညံ့လေး ရယ်တာနော်)

"မနက်ဖြန် တောင်ပေါ်သွားမှာလား။"

"ဟုတ်တယ် အိမ်မှာ ထင်းသိပ်မကျန်တော့လို့ ရှာဖို့ ထွက်လာတာ ဒီနေ့ ဝေးဝေးမသွားဘူး။ မနက်ဖြန် ပိုဝေးဝေးသွားပြီး တောရိုင်းတိရိစ္ဆာန်တွေတောင် လိုက်ရှာနိုင်တယ်။"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now