Ch 47&48

1.5K 171 0
                                    

Ch 47

မိုဖေးဟန်ရဲ့ မျက်နှာပေါ်တွင် အပြုံးပေါ်လာသည်။

ဒီခေတ်မှာ အိမ်ထောင်ပြုတော့မယ့် မိန်းကလေးတစ်ယောက်က နာရီတစ်လုံး ဝယ်ရတာ အမှန် ဖြစ်သည်။ မင်္ဂလာလက်စွပ်များကဲ့သို့ပင် နာရီက အထူးအဓိပ္ပာယ်ရှိသည်။

ဒါပေမဲ့ သူက ယောင်ယောင်အတွက် တစ်လုံး ဝယ်ချင်သည်။

"အိမ်ထောင်ပြုခါနီးမှ လူတော်တော်များများက ဝယ်ကြတာလေ။ အဲအချိန်မှဘဲ ဝယ်ရမယ်လို့ ဘယ်သူမှ မပြောဘူးလေ။ လူတော်တော်များများက အလုပ်သွားတဲ့အခါ နာရီဝတ်ထားပေမဲ့ လူလွတ်တွေ ဖြစ်နေတုန်းဘဲ။"

"ညီမက ငယ်သေးတယ်။ လက်ထပ်တာက နှစ်အနည်းငယ်ဘဲ ကြာမှာမဟုတ်ဘူး။ အစ်ကိုတို့ အခု ဝယ်လိုက်ရင် အိမ်ထောင်ပြုမယ့်ချိန်ကျ ပျက်သွားရင် နောက်တစ်လုံး ဝယ်လို့ရတယ်။"

ကုချင်းယောင်ရဲ့ မျက်နှာက နီရဲလာသည်။

"ဒါကို ယူရအောင်။ ဒါက ကြည့်ကောင်းတယ်။" မိုဖေးဟန်က နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။

ယောင်ယောင်က အရမ်းကြိုက်တယ်လို့ သူပြောနိုင်တယ်။

"ဘယ်လောက်လဲ?" မိုဖေးဟန်က မေးလိုက်သည်။

အရောင်းလက်ထောက်က တောက်ပစွာ ပြုံးပြသည်။ သူက အရမ်းချမ်းသာတာဘဲ။

ဈေးနှုန်းကို မမေးဘဲ တင်သွင်းလာတဲ့ နာရီကို အရင်ရွေးချယ်တဲ့ သူနဲ့ ပထမဆုံးအကြိမ် ကြုံရတာ ဖြစ်သည်။

"ယွမ် 580 ပါ။"

ကုချင်းယောင် "......"

ဒါပေ‌မဲ့ မိုဖေးဟန်က မအံ့ဩပေ။ နောက်တစ်ချက်က သူ အရင်က ဝယ်ဖူးသည်။ သူက ပိုက်ဆံကို မြန်မြန်ဆန်ဆန် ပေးလိုက်သည်။ တင်သွင်းလာတဲ့ နာရီက ကူပွန် မလိုအပ်ဘဲ ငွေနဲ့တာ ဝယ်နိုင်သည်။

မိုဖေးဟန်က ကုချင်းယောင်ရဲ့ လက်ကောက်ဝတ်တွင် နာရီကို တင်လိုက်သည်။ လက်ရာမြောက်ပြီး ခမ်းနားထည်ဝါတဲ့ နာရီမျက်နှာပြင်က ကြော့ရှင်းကာ ထူးခြားထူးခြား လှပနေသည်။

ဒီခေတ်က အမျိုးသမီးတွေကို လက်ဝတ်ရတနာ ဝတ်ခွင့်မပေးပေ။ လက်ပတ်နာရီက သူမတို့ ဝတ်ရတဲ့ တစ်ခုတည်းသော အရာဖြစ်ပြီး အနည်းငယ် ပိုကောင်းသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now