Ch 93&94

1K 135 0
                                    

Ch 93

ချန်ကုံးတန် အံ့အားသင့်သွားသည်။ ထိုမျှလောက် လွယ်ကူမည်ကို သူ မသိခဲ့ပေ။ ဒါပေမဲ့ သူက သနားစရာကောင်းပြီး စိတ်ရှည်သည်းခံကာ ဝမ်မင်တောက်ကို ကျေးဇူးတင်နေသည်။

"ကျေးဇူးတင်ပါတယ် တပ်မဟာမှူး။ ကျေးဇူးတင်ပါတယ်..."

ဝမ်မင်းတောက်က ချန်တာ့ကွေ့ကို တစ်ချက်ကြည့်လိုက်ပြီး "ချန်တာ့ကွေ့ မင်းမိန်းမက ကလေးနှစ်ယောက်ကို အိမ်ခွဲဖို့ တောင်းဆိုနေတာ။ မင်းကရော သဘောတူလား?"

ဟုတ်ပါတယ် သူသဘောတူတယ်!

ချန်ကုံးတန်က အဲဒီအရှုံးသမားနှစ်ယောက်ကို ဖယ်ရှားချင်နေတာ ကြာပါပြီ။ သူ့အိမ်ထောင်စုက ဒီကလေးနှစ်ယောက်ကို ကျွေးမွေးဖို့အတွက် စားနပ်ရိက္ခာ ဘယ်လောက်ယူခဲ့ရလဲ။

သူက မဆိုင်းမတွဘဲ "သူကိုယ်တိုင် ထွက်သွားချင်နေတာ။ သူက အသဲနှလုံးမရှိတဲ့ တိရိစ္ဆာန်ပဲ။ မြန်မြန်သွားလေ ပိုကောင်းလေဘဲ"

ဝမ်မင်းတောက်က ခေါင်းညိတ်ပြသည်။ "ကောင်းပြီ၊ ဒါဆို မင်းထွက်သွားလို့ရပြီ။ ကုံးတန်က ၁၃ နှစ်၊ နှစ်သစ်ပြီးရင် ၁၄ နှစ် ဖြစ်မှာ။ သူ့အသက်က လွတ်လွတ်လပ်လပ်နေနိုင်တဲ့ အရွယ်ရောက်ပြီ။ ကလေးနှစ်ယောက်ကို စပါး ၃၀ ကီလိုဂရမ်ပေးလိုက်ပါ။ ကုံးတန်က သူ့အဖေရဲ့အိမ်ဟောင်းကို ပိုင်ဆိုင်လိမ့်မယ်။ နောက်ပြီး........”

"ဘာ?" ဝမ်ချုံးဟွားက ဝမ်မင်းတောက် စကားကိုမဆုံးခင် ထခုန်လိုက်ပြီး "ငါတို့အိမ်မှာ စားစရာမရှိတော့ဘူး။ ဒီကောင်နှစ်ကောင်က အလကား လာနေတာကြာပြီ။ အခုသူတို့ထွက်သွားတဲ့အခါ အစာတောင်းဖို့တောင် သတ္တိရှိနေပြီလား။ စားစရာကုန်ခါနီးပြီး ငါတို့မှာ စားစရာမရှိတော့ဘူး!”

ဝမ်မင်းတောက်က ဒေါသတကြီးထွက်သွားသည်။ "မင်း သူတို့ကို အစာမပေးရင် အာ့ကွေ့ရဲ့အိမ်က ယူလာသမျှ အကုန် ပြန်ယူသွားခိုင်းလိုက်မယ်။ မင်းက မိဘတွေရဲ့ ပစ္စည်းတွေ ယူသွားပြီး အခု ကလေးတွေကို တွန်းထုတ်ချင်နေတာလား။ ဝမ်ချုံးဟွား မင်းဆက်ပြီး ဒုက္ခပေးရင် မင်းကို တပ်ထဲက ထုတ်ပစ်မယ်"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now