Ch 45&46

1.3K 163 0
                                    

Ch 45

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး" ကုချင်းယောင်က ထိတ်လန့်သွားပြီး သူ့ကို အလျင်အမြန် တားလိုက်သည်။

"အစ်ကို ဖေးဟန် ညီမ အရမ်းဝတ်လို့မရဘူး။ တခြားအရောင်တချို့ကို ဝယ်ပါ။ ညီမတို့ မိသားစုမှာ တခြားသူတွေ အများကြီး ရှိသေးတယ်လေ။"

မိုဖေးဟန်က အံ့အားသင့်သွားသည်။ ပြန်လည်မွေးဖွားခြင်းနဲ့ ဝမ်းသာခြင်းတွင် နှစ်မြှုပ်နေ၍ မယားကို လုယူခြင်း အကြံအစည်များဖြင့် ပြည့်‌နှက်နေ၏။ ကုမိသားစုမှာ တခြားသူတွေ အများကြီးရှိတယ်ဆိုတာ အခုမှ မှတ်မိသည်။

ဒါပေမဲ့ ဒီသိုးမွှေးအမျိုးအစား နှစ်ခုက ရှားပါးတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်သည်။ မိုဖေးဟန်က ၎င်းတို့ကို လက်လွှတ်မခံနိုင်ပေ။

"ဒါဆို တခြားအမျိုးအစားတွေ ဝယ်မယ်။ ဒါတွေကို အကုန်ယူမယ်။ ညီမ သိမ်းထားနိုင်ပြီး အင်္ကျီအနည်းငယ်ကို ဆောင်ထားနိုင်တယ်။ ဆောင်းရာသီတစ်လျှောက်လုံး ဝတ်လို့ရတယ်။"

ကုချင်းယောင် "......"

မိုဖေးဟန်က ငြင်းဆန်ခြင်း မရှိပေ။ သိုးမွှေးအမျိုးအစား နှစ်ခုလုံးကို ဝယ်ရန် တွန်းအားပေးခဲ့သည်။ အရောင်းလက်ထောက်က သူ့ရဲ့ လွန်ကဲမှုကြောင့် ထိတ်လန့်သွားသည်။

ကျန်တဲ့သိုးမွှေးက ပိုပြီး တည်ငြိမ်တဲ့ အရောင်ဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်နိုင်သည်။ ယောင်ယောင် ဝတ်နိုင်တာကြောင့် မိုဖေးဟန်က အနီနဲ့ ပန်းရောင်ကို အကြိုက်ဆုံး ဖြစ်သည်။

နောက်ဆုံးတွင် ကုချင်းယောင်က နောက်ထပ် အပြာရောင် သိုးမွှေး 4 ကီလိုဂရမ်နဲ့ ရောစပ်ထားတဲ့ချည် 10 ကီလိုဂရမ်ကို ဝယ်ယူခဲ့သည်။

သိုးမွှေးတစ်ကီလိုဂရမ်ကို ယွမ် 20 ကုန်ကျသည်။ အနီရောင် သိုးမွှေး 10 ကီလိုဂရမ်၊ အပြာရောင် သိုးမွှေး 4 ကီလိုဂရမ် စုစုပေါင်း ယွမ် 480 ကုန်ကျသည်။ ရောစပ်ထားတဲ့ချည် တစ်ကီလိုဂရမ်ကို 10 ယွမ် ဖြစ်ပြီး 10 ကီလိုဂရမ်ကို ယွမ် 100 ပေးရသည်။

စောစောက သူမတို့ ရွေးထားတဲ့ အထည်တွေနဲ့အတူ စုစုပေါင်း ယွမ် 700 လောက် ကုန်ကျသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now