Ch 51&52

1.2K 156 0
                                    

Ch 51

ဒီတစ်ခါတော့ ကောင်းကင်ပြာကို မြင်နိုင်တဲ့ ဂူကို ခါတိုင်းလို သွားကြသည်။ သူတို့ နောက်ဆုံးတစ်ခေါက်က ထားခဲ့တဲ့ ထောင်ချောက်တွေ ရှိနေတုန်း ဖြစ်သည်။ ထောင်ချောက်များအားလုံးက တစ်ခုခုကို ဖမ်းမိထားပြီး မိုဖေးဟန်က လမ်းတစ်လျှောက်တွင် ၎င်းတို့ကို စုဆောင်းခဲ့သည်။ ထို့နောက် ဂူပတ်ပတ်လည် ဧရိယာကို လည်ပတ်ကြည့်ရှုသည်။

ဂူထဲသို့ ရောက်တဲ့အခါ မိုဖေးဟန်က ပစ္စည်းတွေကို ချလိုက်ပြီး ကုချင်းယောင်ကို "အနီးအနားကို လှည့်ပတ်ကြည်လိုက်အုံးမယ်။ ညီမ ထုံးစံအတိုင်း ဒီမှာဘဲ နေနေ နားလည်လား။"

ကုချင်းယောင်က ပြုံးပြီး "ညီမ သိပါတယ်။ ဒါက ညီမတို့ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ မှိုကောက်ဖို့ ဟိုကိုသွားလိုက်အုံးမယ်။ ညီမ အဝေးကြီး မသွားပါဘူး။"

မိုဖေးဟန်က သူမကို ကြည့်ပြီး ထွက်သွားသည်။

ထိုနေ့မနက် သူ့စားခဲ့တဲ့ အသားပေါင်မုန့်ရဲ့ အရသာက သူ့ပါးစပ်တဲ့မှာ စွဲနေသည်။ မိုဖေးဟန်က ယောင်ယောင် ဒီအသားပေါင်မုန့်တွေကို ဘယ်ကယူလဲဆို သိချင်စိတ်တွေ တိုးလာသည်။

၎င်းတို့က အရင်ဘဝက သူစားဖူးတဲ့ အစားအစာများနဲ့ အရမ်းဆင်တူသည်။

၎င်းတို့ကို ဂျုံမှုန်ဖြူဖြင့် ပြုလုပ်ထားပြီး ပျော့ပျောင်းကာ နူးညံ့လှသည်။ အမဲသားကို ဟင်းခတ်အမွှေးအကြိုင် မျိုးစုံဖြင့် ရောချက်ထားသည်။ ဒီခေတ်မှာ စားနပ်ရိက္ခာ ရှားပါးလှပြီး ကုမိသားစုရဲ့ နေထိုင်ရေးက ဆင်းရဲသည်။

ထို့အပြင် ကုမိသားစုရဲ့ အဆင့်အတန်းက အလွန်နိမ့်ကျသည်။ နိမ့်ကျတဲ့ ကိုယ်နေဟန်ထားကို ထိန်းသိမ်းဖို့ လိုအပ်သည်။ ကျောက်ရှောင်ဟွေ့နဲ့ ကုရုန်ချင်းတို့က လောဘကြီးပြီး ပျင်းကြသည်။ ယောင်ယောင် ဒီမျှထူးခြား ကောင်းမွန်တဲ့ အသားပေါင်မုန့် အိမ်မှာ ပြုလုပ်မှာ မဟုတ်တာ သေချာသည်။ အကြောင်းအရင်းမှာ သူမ လုပ်နေတာကို တွေ့ရှိပါက သူမတို့က မုန့်ထုပ်များပေါ်သို့ လက်တင်ရန် ရန်ဖြစ်ကြမှာ ဖြစ်ပြီး နောက်ထပ် တောင်းဆိုမှုများကြောင့်လည်း ဖြစ်သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now