Ch 77&78

1.3K 150 0
                                    

Ch 77

ကုချင်းယောင်ရဲ့နှုတ်ခမ်းများတွေက လှုပ်ယမ်းသွားသည်။ သူမတို့ ပြန်မလာသေးပေ။ သူမက အဖိုးနဲ့ အဖွားအတွက် ညစာ ချက်ရမည်ဖြစ်သည်။

နောက်ဆုံးတွင် ညစာ ချက်စရာ မလိုပေ။ ဒါမှမဟုတ် ချက်နေတုန်း သူမတို့နှစ်ယောက် ရောက်လာနိုင်တယ် ဆိုတာ သိလိုက်ရသည်။ ဒါကြောင့် သူမက space ထဲကနေ အစားအစာကို ယူလိုက်သည်။

ထိုအချိန်တွင် သူမရဲ့အဘိုးနဲ့ အဖွားတို့က ပြန်လာကြသည်။ ကုချင်းယောင်က "အဘိုး အဘွား မြန်မြန် လက်ဆေးလိုက်ပါ။ ထမင်းစားချိန်ရောက်ပြီ!"

နှစ်ယောက်သား ထိတ်လန့်သွားကြသည်။ ထမင်းစားချိန်ရောက်ပြီလား?

ကုချင်းယောင်ရဲ့လက်ထဲတွင် အစားအသောက်ကောင်းများ ရှိနေတာကို သူတို့မသိခဲ့ကြပေ။ အခုအချိန်တွင် ဒီမိန်းကလေးက မိသားစုစားမဲ့အရာကို ဆုံးဖြတ်ခဲ့သည်။ သူတို့နှစ်ယောက်က ဘာမေးခွန်းမှ မမေးခဲ့ကြပေ။ ကုချင်းယောင်က ထမင်းစားချိန် ရောက်ပြီဆိုရင် သူတို့ စားမည် ဖြစ်သည်။

ကုချင်းယောင်က ထမင်းနဲ့ ဟင်းတွေကို လူကြီးတွေရဲ့အခန်းထဲကို တန်းတန်းမတ်မတ်ယူလာခဲ့သည်။ မြောက်ဘက်ခြမ်းက ပိုအေးတာကြောင့် လူအိုနှစ်ယောက်က အပူပေးထားတဲ့ အုတ်ကုတင်ပေါ်တွင် အိပ်ကြသည်။ အိပ်ယာပေါ်တွင် ထမင်းစားရန် စားပွဲသေးသေးတစ်လုံးရှိသည်။

ဗန်းပေါ်တွင် ကြက်သွန်ဖြူနဲ့ ချက်ထားတဲ့ ဝက်သားကြော်ပန်းကန်၊ ခရမ်းချဉ်သီးပြုတ်ပန်းကန်လုံးနဲ့ ကြက်စွပ်ပြုတ်တစ်ပန်းကန် ရှိသည်။

ကြက်စွပ်ပြုတ်ကို စောစောက ကျိုထားခဲ့တာ ဖြစ်ပြီး အဆင်ပြေစေရန်အတွက် ကြက်သားတချို့ကို မပြုတ်ခင် နုတ်နုတ်စဉ်းထားလိုက်သည်။ အခု သူမက တစ်စိတ်တစ်ပိုင်းကို ထုတ်ယူလိုက်သည်။ သူမတို့က သုံးယောက်ဘဲရှိလို့ အကုန်မစားနိုင်ပေ။

အဘိုးကုက အစားအသောက်ကို မြင်တဲ့အခါ စိတ်လှုပ်ရှားနေပုံရသည်။

ဝမ်ရူယွီက ပြုံးလိုက်ပြီး "မြန်မြန်စား ကျွန်မတို့စားပြီးရင် ယောင်ယောင်က ရှင်းလိမ့်မယ်"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now