Ch 41
ကုချင်းယောင်က စက်ဘီးစီးရင်း စိတ်ခံစားချက် အရမ်းကောင်းနေသည်။
လရောင်က မတူပေ။
အရင်ဘဝတွင် သူမ အရင် 10 နှစ်က ရွာကို ပြန်လာတုန်းက ခံစားချက်နဲ့ လုံးဝကို မတူပေ။
"အေးနေပြီလား။" အနောက်မှာ ရှိတဲ့ မိုဖေးဟန်က မေးသည်။
ကုချင်းယောင်က ခေါင်းခါသည်။ "မဟုတ်ဘူး လေက မအေးဘူး။ လေနုအေးကို ခံစားရတယ်။"
သူတို့နှစ်ယောက်က Qing မြစ်တပ်မဟာနဲ့ ရွာကနေ တဖြေးဖြေး ထွက်လာပြီး လူရှင်းတဲ့နေရာကို ရောက်လာသည်။
ကုချင်းယောင်က "အစ်ကိုဖေးဟန် မနက်စာ စားပြီးပြီလား။"
"မစားရသေးဘူး။"
"ဒါဆို ရပ်လိုက်အုံး စားစရာ ပေးမယ်။ အရင် စားပြီးမှ ညီမတို့ ဆက်သွားမယ်လေ။"
မိုဖေးဟန်က စက်ဘီးကို ရပ်လိုက်ပြီး ကုချင်းယောင်က သူမအိတ်ထဲက အသားပေါင်းနှစ်ခုကို ယူလိုက်သည်။ အမှန်တကယ်တော့ သူမက ထိုအရာတွေကို space ထဲကနေ ယူလိုက်တာ ဖြစ်သည်။ သူမက ထိုအရာကို မိုဖေးဟန်ကို ပေးလိုက်ပြီး "ဒီမှာ ဒါကိုစား။"
မိုဖေးဟန်က အသားပေါင်မုန့်များကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ "ဒါတွေကို ညီမ လုပ်ထားတာလား။"
"အမ်!" ကုချင်းယောင်က ခေါင်းညိတ်လိုက်သည်။ "မြန်မြန်စား အရသာရှိတယ်။"
မိုဖေးဟန်က သံသဃတွေ ရှိပေမဲ့ မေးခွန်မမေးဘဲ စားလိုက်သည်။
အသားပေါင်မုန့်က အရသာရှ်ိသည်။ အဆီအနှစ်ကို အရသာကောင်းကောင်းနဲ့ ချက်ထားတဲ့အပြင် အရမ်းနူးညံ့သည်။ သန့်စင်တဲ့ ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသည်။
ဒါပေမဲ့ ပိုအရေးကြီးတာက အရသာ...... အရမ်းရင်းနှီးသည်။
အရင်ဘဝတုန်းက ကုချင်းယောင်က သူ့အတွက် ပေါင်မုန့်လုပ်ပေးတိုင်း အရမ်းအရသာ ရှိသည်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ယောင်ယောင်၌ space ရှိသည်။ သူက သူမကို အနီးအနားသို့ ခေါ်ဆောင်လာပြီး အစားအစာများစွာကို စုဆောင်းခဲ့သည်။ ဒါပေမဲ့ ယောင်ယောင်က တစ်နှစ်ခွဲအကြာမှ space ကို ရှာတွေ့ခဲ့တာ ဖြစ်သည်။ အခုအချိန်တွင် ယောင်ယောင်က space အကြောင်း မသိသေးပေ။
![](https://img.wattpad.com/cover/350602951-288-k761856.jpg)
YOU ARE READING
ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်း
RomanceCh 1443 MC Gu Qing Yao ( ကုချင်းယောင်) ML Mo Bei Han ( မိုဖေးဟန်) စုံတွဲတစ်တွဲက အတူတူပြန်လည်မွေးဖွားလာကာ တစ်ယောက်ကိုတစ်ယောက် ညှို့ယူနေကြသည်။ သူမရဲ့ အရင်ဘဝတုန်းက ကုချင်းယောင်က သူ့ကိုလက်ထပ်ချင်ပေမဲ့ သတ္တိမရှိခဲ့ဘူး။ ယခု သူမပြန်လည်မွေးဖွားချိန်တွင် သူမ...