Ch 57&58

1.1K 152 0
                                    

Ch 57

ဟင်းပွဲတွေ ပြင်ပြီးသွားပြီ။ ကုချင်းယောင်က ဟင်းတွေကို အိုးထဲကနေ ခတ်ကာ ပန်းကန်ပြားထဲ ထည့်လိုက်သည်။ သူမက တစ်ခုမှ မကျန်ထားခဲ့ပေ။ ဟင်းရည်အားလုံးကို ဇလုံတစ်ခုထဲ အကုန် လောင်းချလိုက်သည်။

မွှေးပျံ့နေတဲ့ ယုန်သားကို မြင်တဲ့အခါ ကုရုန်ချင်းက အပိုင်းအစ တစ်ခုယူရန် လက်လှမ်းလိုက်သည်။ ဒါပေမဲ့ ကုချင်းယောင်က သူမလက်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ "ဘာလုပ်တာလဲ?"

သူမက နောက်ကျောကို လက်နဲ့ထိလိုက်သည်။ ကုရုန်ချင်းက ဒေါသတကြီးနဲ့ "ငါ တစ်ခု စားချင်တယ်။"

ကုချင်းယောင်က သူမကို ခွင့်မပြုပေ။ သူမက အေးစက်စွာဖြင့် ရယ်မောလိုက်ပြီး "ဒီနေ့ လူကြီးတွေ အများကြီးဘဲ။ ငါတို့အဖွားနဲ့ တစ်မိသားစုလုံးက ဒီမှာ။ လူကြီးတွေချည်းဘဲ ဆယ်ဂဏန်းကျော်တာ နင်မမြင်ဘူးလား။ လူကြီးတွေအတွက်တောင် မလုံလောက်တာကို နင့်က တစ်ခု ခိုးချင်နေသေးတယ်။"

"နင်....."

ထိုအချိန်တွင် အဖွားကြီးကျောက်နဲ့ သူမရဲ့ အကြီးဆုံးချွေးမက ကလေးအနည်းငယ်ဖြင့် ရောက်လာသည်။ "အစားအသောက်အဆင့်သင့် ဖြစ်ပြီးလား။ အနံ့က အရမ်းမွှေးတာဘဲ။"

ကလေးတွေက အပြင်မှာ ဆော့ကစားနေကြပေမဲ့ စားစရာ အဆင့်သင့် ဖြစ်လုနီးနီးကို တွေ့တော့ အဖွားကြီးကျန်းနဲ့ သူမ့အကြီးဆုံးချွေးမက သူတို့ကို တမင်လှမ်းခေါ်လိုက်သည်။

အသားရဲ့ အနံ့ကို ရတဲ့အခါ ကလေးတွေက ပိုလိုတောင် စိတ်လှုပ်ရှားလာကြသည်။

"အသား....အသား အသားစားချင်တယ်။ အသားစားချင်တယ်....."

"အသားစားမယ်"

"အသားစားမယ်"

......

ဒီနေ့ ဒီမှာရှိနေတဲ့ ကလေးတွေက တော်တော်ငယ်သည်။ အသက်အကြီးဆုံးက 12 နှစ်ဖြစ်ပြီး ကျောက်မိသားစုတွင် အကြီးဆုံးမြေး ဖြစ်သည်။

(T/N ကလေးတွေကို ချစ်သလောက် သူတို့ကို အရမ်းမုန်းပြီး အမြင်ကတ်တယ်ရော ဘယ်လိုတွေလဲ မသိဘူး။ သေချာတာက တံငါနားနီး တံငါဘဲ နေမှာ)

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now