Ch 63&64

1.2K 140 0
                                    

Ch 63

ဝမ်ကော်ကျူးရဲ့ သရုပ်ဆောင်စွမ်းရည်က မျှတပြီး အဆင့်မြင့်သည်။ သူကို ကြည့်ရတာ ကျေးလက်ကနဲ့ တခြားသူတွေနဲ့ မတူဘဲ ပညာရှင်တစ်ယောက်နဲ့ တူသည်။

ကျုံးဟုန်က သူ့ကို ချစ်မိသွာတာက အံ့ဩစရာ မဟုတ်ပေ။

သူက မီးခိုးရောင် အဝတ်အစားအသစ်နဲ့ သားရေဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။

သူက စက်ဘီးနင်းပြီး သူ့မိန်းမ ကျုံးဟုန်က အနောက်တွင် ထိုင်သည်။

ကျုံးရှောင်ယွီက အမျိုးသမီးပုံစံ စက်ဘီးကို သူမကိုယ်တိုင် စီးသည်။

ကျုံးရှောင်ယွီနဲ့ ကျုံးဟုန်တို့က ကောင်းမွန်စွာ ဝတ်ထားသည်။

ဒီခေတ်က အလှအပကို တန်ဖိုးမထားပေမဲ့ ဝတ်စားဆင်ယင်မှုကို ကြိုက်တဲ့သူတွေက တခြားသူတွေနဲ့ မတူပေ။

ကျုံးဟုန်က အနက်ရောင် အင်္ကျီဝတ်ထားပြီး ကျုံးရှောင်ယွီက အပြာရောင် အင်္ကျီကို ဝတ်ထားသည်။ အနက်ရောင် ဘောင်းဘီနဲ့ သားရေဖိနပ်တစ်စုံကိုလည်း ဝတ်ဆင်ထားပြီး သူအက ထူးထူးခြားခြား လှပနေသည်။

သူတို့ ဝတ်ပုံစားပုံက ဒီခေတ်တွင် အရမ်းခေတ်စားသည်။

ကုရုန်ချင်းက သူတို့ကို မနာလိုဖြစ်နေသည်ကို မြင်တဲ့အခါ ကျန်းဟွေ့က ဗိုက်နာသည်အထိ ရယ်မောလိုက်သည်။

ထိုမိသားစု သုံးယောက်က ဝင်လာသည်။ ကျုံးရှောင်ယွီနဲ့ ကျုံးဟုန်တို့က လှေခါးဘေးနားရှိ အိမ်ကို မနှစ်သက်ကြောင်းကို ပြသခဲ့သည်။ ရွံ့ရှာနေပုံက သူမတို့ မျက်နှာတွင် ရှင်းရှင်းလင်းလင်း ပြနေသည်။

ကျောက်ရှောင်ဟွေ့က မီးဖိုချောင်က ထွက်လာပြီး ဝမ်ကော်ကျူးကို တွေ့တဲ့အခါ အေးခဲသွားသည်။ သူ့ကို စိုက်ကြည့်ရင်း အံ့ဩသွားသည်။

ဟမ်.....

ဝမ်ကော်ကျူးကလည်း ကျောက်ရှောင်ဟွေ့ကို တွေ့တဲ့အခါ အံ့ဩသင့်သွားသည်။ သူတို့နှစ်ယောက်စလုံးက Qing မြစ်တပ်မဟာတွင် ငယ်စဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြသည်။ ကျောက်ရှောင်ဟွေ့က ငယ်ရွယ်ပြီး အရည်အချင်းရှိသူ ဖြစ်သည်။ သူမက သူ့မျက်လုံးထဲတွင် သီလရှိတဲ့ ဇနီး ဖြစ်ခဲ့သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now