အပိုင်း ၁

2.5K 60 2
                                    

"ပြော ငါ့ပစ္စည်းတွေဘယ်သူ့ကိုရောင်းလိုက်တာလဲ"

လူယုံလို့သတ်မှတ်ထားတဲ့သူကသံလွင်တို့ပစ္စည်းတွေကိုကြားဖြတ်ယူပြီးတစ်ခြားတစ်ယောက်ဆီရောင်းလိုက်သည့်အတွက်စစ်မေးနေကြခြင်းဖြစ်သည်။

"မသိဘူး"

"ခွေးသား မင်းရောင်းလိုက်တဲ့သူကိုတောင်မင်းမသိဘူးလား ငြင်းမယ်ဆိုလဲယုံအောင်ငြင်း လက်ထဲမှာကိုင်ထားတာမင်းမြင်တယ်နော် ကစားစရာမဟုတ်ဘူး"

"ကျွန်တော်တကယ်နာမည်မသိဘူး"

"ဒါဆိုသူ့ပုံစံတော့မှတ်မိမှာပေါ့"

"သူ့တပည့်ဆိုတဲ့သူနဲ့ပဲတွေ့လာတာ ဝယ်တဲ့သူကိုမမြင်ခဲ့ရဘူး"

"အေး သူ့ပုံစံမှတ်မိလားလို့မေးနေတာခွေးမသားရဲ့!!"

"မှတ်မိတယ်"

"ကျော်ခန့် ပုံတူဆွဲတဲ့လူခေါ်လာခဲ့"

"ဟုတ်ကဲ့boss"

မိနစ်အနည်းငယ်ကြာတော့

"ရောက်ပါပြီboss"

"ပြော သူ့ပုံစံ"

"မျက်နှာရှည်ရှည် မေးရိုးနည်းနည်းကားတယ် ပါးသိုင်းမွေးနဲ့ မျက်ခုံးမွှေးကညာဘက်မှာပြတ်ရာရှိတယ် နှာတံထင်းထင်း အရပ်ရှည်ရှည် ခန္ဓာကိုယ်ကတောင့်တောင့်"

"Bossဒီမှာပါ"

"ဒီပုံစံလား"

"ဟုတ်တယ် တစ်ထေရာတည်းပဲ"

"ပြစမ်း"

ဆိုပြီးသံလွင်လဲသူ့ကိုပြပြီးတော့သေချာယူကြည့်လိုက်လေသည်။

"ဒီပုံစံ ဒီပုံစံ ငါမြင်ဖူးနေပါတယ် ဟေ့ကောင် သူ့လက်မောင်းမှာtattooရှိလား"

"မသိဘူးboss suitဝတ်ထားလို့လက်မောင်းကိုသေချာမမြင်ခဲ့ရဘူး"

"ကျော်ခန့်အဲ့ကောင်ရှာလိုက်"

"ကျေးဇူး ဒီအတောတွင်းငါ့ခိုင်းခွေးလုပ်ပေးခဲ့လို့အခုတော့နောက်ဘဝကူးလိုက်ဦး"

:ဒိုင်း
သံလွင်သိချင်တာတွေသိပြီးသွားတော့ထိုလူကိုလက်စသတ်လိုက်သည်။

"သွားရအောင်ကျော်ခန့်"

"ဟုတ်boss"

"ပြီးတော့အဲ့ကောင်ကိုသေချာစုံစမ်း လက်မောင်းတစ်ဖက်မှာtattooရှိကိုရှိရမယ် အဲ့ကောင်မျက်နှာကိုငါရင်းနှီးနေတယ်"

My son become my husbandWhere stories live. Discover now