အပိုင်း ၂၇

714 10 0
                                    

ညပိုင်းမှာတော့ဆေးရုံတက်နေရတဲ့လူနာနှစ်ယောက်နဲ့လူနာစောင့်နေကြတဲ့အလင်းငယ်နဲ့ခွန်းစစ်တို့ကိုမင်းဆက်နဲ့သံလွင်တို့နှစ်ယောက် ညစာလာပို့ပေးလေသည်။ညနေပိုင်းတုန်းကအလင်းငယ်ကဆေးရုံကနေအကိုကြီးရောကျော်ခန့်ရောသတိရလာပြီလို့ဖုန်းလှမ်းဆက်ပေမဲ့မအားကြသေးတာမို့အခုမှထွက်လာခဲ့ရခြင်းဖြစ်သည်။မင်းဆက်ကပါကင်ထိုးနေတုန်းသံလွင်ကတော့အကိုကြီးတို့အခန်းထဲကိုလာလိုက်သည်။လူနာနှစ်ယောက်သတိရလာပြီဆိုတာနဲ့ဆရာဝန်တွေကိုပြောကာနှစ်ယောက်လုံးကိုအခန်းတစ်ခန်းထဲမှာပဲအတူပြောင်းထားလိုက်တာမို့တစ်ခန်းစီသက်သက်ခွဲသွားနေစရာမလိုတော့ပေ။မင်းဆက်ကတော့နောက်ကပါလာသည်။

"ဦးကြီး ဦးကျော်ခန့် သက်သာလား"

"သက်သာပါ့ဗျာ"

"သက်သာပါပြီသခင်လေး"

"ဒီမှာအကိုကြီးနဲ့ကျော်ခန့်ဖို့မေမေ့ရဲ့ထုံးစံမပြတ်ဆန်ပြုတ်ယူလာခဲ့တယ်"

သံလွင်ကပြောလိုက်တော့လူနာနှစ်‌ယောက်လုံးမျက်နှာကြီးတွေရှုံ့မဲ့သွားကြတော့သည်။ဒါကိုမြင်လိုက်တဲ့သံလွင်တို့ကကျော်ခန့်တို့နှစ်ယောက်ကိုညာရယ်ကြသည်။

"ငါ့တုန်းကလဲဆန်ပြုတ်နဲ့ပဲနှစ်ပါးသွားခဲ့ရတာ"

"ကျွန်တော့်တုန်းကရောပဲDaddy"

"ဟုတ်ပါ့ အခုတော့အကိုကြီးတို့အလှည့်ပေါ့ ဟားဟား"

သံလွင့်စကားကိုကြားတော့အလင်းငယ်တို့ကရယ်ကြသည်။

"နောက်တစ်ခါဖြစ်ရင်ဘယ်တော့မှဆေးရုံမပို့ကြနဲ့! ဒါ ဘုန်းသက်သံလွင်ရဲ့တစ်ချက်လွှတ်အမိန့်ပဲ!!"

ဒါကိုကြားတော့အလင်းငယ်ကစိတ်ပူစွာဘုန်းသက်ကိုဆူတော့သည်။

"ကိုကြီးနော် ဘာနောက်တစ်ခါလဲ နမိတ်မရှိ နမာမရှိ!"

"ငယ်ကလဲ ကိုယ်ကဒီတိုင်းပြောပြတာကို"

"ဒီတိုင်းလဲမပြောနဲ့ ဘယ်လိုမှမပြောနဲ့ အခုတစ်ခါဖြစ်တာတောင်စိတ်ပူလိုက်ရတာရူးမတတ်ပဲ"

"ငယ်ရယ်"

"တကယ်အကိုကြီးရ ကျွန်တော်ရောအလင်းငယ်ရောအကိုကြီးနဲ့ကျော်ခန့်သတင်းကြားတော့သေချင်စိတ်တောင်ပေါက်သွားတာ"

My son become my husbandWhere stories live. Discover now