အပိုင်း ၉

832 24 0
                                    

ညပိုင်းရောက်တော့မင်းဆက်နဲ့သံလွင်တို့အခန်းထဲမှာသံလွင်ကlaptopတစ်လုံးနဲ့အလုပ်လုပ်နေပြီးမင်းဆက်ကတော့ရေချိုးနေသည်။

"သားငယ် မြန်မြန်ချိုးနော်အချိန်ကတအားနောက်ကျနေပြီ"

သံလွင်အော်ပြောလိုက်တော့

"ဟုတ်Daddy"

ခနကြာတော့ရေချိုးခန်းထဲကနေအောက်ပိုင်းကိုသဘက်တစ်ထည်ပတ်ကာထွက်လာသည်။သံလွင်ရေချိုးခန်းထဲကထွက်လာတဲ့သူ့သားသူကြည့်နေသည်။ဒီကလေးအသက်ကသာ ၁၆ဆိုတယ်ခန္ဓာကိုယ်အချိုးစားကသူတို့ထက်ပိုတောင့်ကာအရပ်ကလဲသူတို့ထက်ပိုရှည်သည်။ရင်ဘတ်ကကြွက်သားတွေကလဲသံလွင်ထက်ပိုများကာပိုတောင့်သည်။ငယ်ငယ်ထဲကအားကစားဝါသနာပါသူဆိုတော့ပိုထွားသည်။သံလွင်လဲခေါင်းသုတ်နေတဲ့မင်းဆက်ကိုခေါင်းသုတ်ပေးရန်အနားခေါ်လိုက်သည်။

"ဒီနားလာ"

"ဟုတ်"

သံလွင်ခေါ်တော့ခေါင်းလေးထိုးပေးကာသူ့အနားလာထိုင်သည်။သံလွင်လဲမင်းဆက်လက်ထဲကသဘက်လေးယူကာသုတ်ပေးနေသည်။

"ဒီနေ့သားတို့friendship anniversaryမလား"

"Daddyကဘယ်လိုသိတာလဲ"

"ဒီလိုပဲသိတာပေါ့ သားနဲ့ပတ်သတ်ရင်Daddyကအကုန်သိတယ် မပြောချင်လို့သာမပြောတာ"

"အာ Daddyကမိုက်တယ်ကွာ"

ဆိုကာလက်မလေးထောင်ပြရင်းပြောတော့သံလွင်သဘောတကျရယ်လိုက်သည်။

"သားမှူးယံကိုနာရီလေးလက်ဆောင်ပေးလိုက်တယ်Daddy ဘာမှမဖြစ်ဘူးမလားဟင်"

"ဘာကိုလဲသားရ"

"Daddyကသားနဲ့မှူးယံသူငယ်ချင်းဖြစ်နေတာကိုသဘောမကျဘူးမလား"

"သဘောမကျတာရယ်တော့မဟုတ်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ်Daddyသဘောကျကျ မကျကျသားကသူ့ကိုဆက်ပေါင်းနေတာပဲမလား"

"အဲလိုတော့လဲမဟုတ်ပါဘူး Daddyအထင်လွဲနေတာပဲနေမှာပါ မှူးယံလောက်သားအပေါ်ကောင်းတာဘယ်သူမှမရှိဘူး"

"Daddyထက်တောင်သူကသားအပေါ်ပိုကောင်းတယ်ပေါ့"

မင်းဆက်စကားပြောတာမှားသွားမှန်းသိလိုက်ရလေသည်။မင်းဆက်အလျင်အမြန်ပဲတောင်းပန်လိုက်သည်။

My son become my husbandWhere stories live. Discover now