အပိုင်း ၂၀

22 1 0
                                    

တစ်နေကုန်သံလွင့်ကိုစိတ်ဆိုးပြီးထွက်သွားတဲ့ကလေးငယ်ကညပိုင်းရောက်မှပြန်ရောက်လာသည်။

"ကလေး"

"Daddyအတွက်ညစာယူလာတယ် စားလိုက်ဦး"

"ဟင့်အင်း မစားသေးဘူး Daddyနားခနလာဦး"

သံလွင်ပြောသလိုမင်းဆက် သံလွင့်နားသွားထိုင်လိုက်သည်။

"စိတ်ကောက်နေတုန်းလားDaddyကို"

"ကျစ်! ဘယ်လိုပြောရမှာလဲ စိတ်ကောက်တာမဟုတ်ဘူး စိတ်မကောင်းဖြစ်တာ သိလား! Daddyကိုစိတ်ဆိုးတာမဟုတ်ပဲစိတ်မကောင်းဖြစ်နေတာဆိုတာ"

"Ok စိတ်မကောင်းဖြစ်တယ်ပဲထားဦး ကလေးကိုDaddyရှင်းပြမယ် သေချာနားထောင်...."

"......"

"အခုDaddyဂိုဏ်းမှာဂိုဏ်းသားတွေရာကျော်ရှိတယ် ကလေးနဲ့ရွယ်တူကလေးတွေလဲရှိတယ် အဲ့ဒီကလေးတွေကကလေးလို ကံမကောင်းကြဘူး ပညာကိုဆုံးခန်းတိုင်အောင်မသင်လိုက်ရတဲ့ကလေးတွေလဲရှိတယ် မိဘရဲ့စီးပွားရေးအခက်အခဲကြောင့်ရောက်လာတဲ့ကလေးတွေလဲရှိတယ် အလုပ်အကိုင်အဆင်မပြေလို့ရောက်လာတဲ့ကလေးတွေလဲရှိတယ် တစ်ချို့ကတော့ဝါသနာပါလို့ရောက်လာတဲ့သူတွေရှိပေမဲ့တစ်ချို့ကအဆင်မပြေလို့ရောက်လာကြရတာ အဲ့တော့Daddyတို့ကကိုယ့်ဆီရောက်လာတဲ့သူကိုလက်ခံပေးရမယ်လေ အဆင်ပြေမယ်ထင်လို့ရောက်လာကြတာဆိုတော့Daddyတို့ကသူတို့အဆင်ပြေအောင်တန်ရာတန်ကြေးပေးပြီးခိုင်းပေးရတယ်ကလေးရဲ့ အဲ့တာမှသူတို့လဲငွေကြေးအဆင်ပြေ Daddyတို့လဲအလုပ်အဆင်ပြေတယ်လေ အရမ်းငယ်သေးတဲ့ကလေးတွေကိုတော့အန္တရာယ်ရှိတဲ့ကိစ္စတွေမခိုင်းပဲDaddyတို့လူကြီးတွေပဲကိုင်တွယ်ဖြေရှင်းကြတယ် အဲ့တော့Daddyပြောချင်တာကိုကလေးနားလည်လိမ့်မယ်လို့ထင်ပါတယ် ကလေးကသိလွယ်တတ်လွယ်တဲ့ကလေးမလား နားလည်မှာပါ..."

မင်းဆက် သံလွင်ပြောတာတွေကိုသေချာဂရုတစိုက်နားထောင်နေပြီးတော့မှ

"သဘောပေါက်ပါတယ် သားနားလည်ပါပြီ သားကလဲDaddyကိုစိုးရိမ်လို့ပြောမိတာပါ"

"Daddyသိတာပေါ့ကလေးရဲ့ ကလေးDaddyကိုစိတ်ပူလို့ပြောတယ်ဆိုတာ ဒါမဲ့ကလေးသေချာနားလည်အောင် သိသွားအောင်Daddyကရှင်းပြတာ ဒါတွေက ကလေးရှေ့လျှောက်စီးပွားရေးလောကထဲရောက်ရင်သဘောတရားတွေနားလည်လာမှာပါ ကြုံလာရလိမ့်မယ်"

My son become my husbandWhere stories live. Discover now