အပိုင်း ၁၄

835 24 0
                                    

နောက်တစ်နေ့နံနက်ရောက်တော့သံလွင်ပြန်ရောက်လာသည်။

"သား မနေ့ကဘာလို့ပြန်မလာတာလဲ‌ မေမေတို့ကိုလဲမပြောဘူး မင်းအကိုကြီးပြောမှသိရတယ် မြေးလေးဆိုရင်မျက်နှာတောက်လျှောက်မကောင်းဘူး"

"သားအလုပ်တွေရှုပ်နေလို့ပါ"

"ဟုတ်လို့လားမင်းမြတ်"

ဘေးကရောက်လာသည့်အကိုကြီးကမယုံသင်္ကာနဲ့သူ့ကိုမေးလာသည်။သံလွင်ညာပဲညာလိုက်မိသည်။

"ဟုတ်ပါတယ်အကိုကြီးရ ခနနေရင်တောင်ပြန်သွားရဦးမှာ"

"နားနားနေနေလုပ်ပါလားကွယ်"

"ဟုတ်ကဲ့ပါမေမေ သားရေချိုးချင်လို့အပေါ်တက်တော့မယ်"

"အေးအေး မြေးလေးတောင်ခုထိဆင်းမလာသေးဘူး"

"ဟုတ်လား ညကအိပ်တာနောက်ကျတယ်လား"

"နောက်ကျတာပေါ့ ၁၁နာရီခွဲတဲ့အထိမအိပ်သေးဘူး မင်းကိုခြံထဲမှာဆင်းစောင့်နေတာ မေမေအတင်းအိပ်ခိုင်းလို့အိပ်ရတာ"

"ဒီကောင်လေးကတော့"

"ဒီကောင်လေးကတော့လုပ်မနေနဲ့ မင်းကြောင့်လေ မင်းကိုစောင့်နေတာ"

"အရင်ကလဲပြန်မအိပ်တတ်တာသိရဲ့သားနဲ့သက်သက်မဲ့အိပ်ရေးပျက်အောင်"

"မင်းကိုယ်တိုင်ပြောလေ အိပ်ရေးမပျက်စေချင်ရင်မင်းကလဲအိမ်ပြန်လာမှပေါ့ကွ မင်းမြတ်ရ"

"အကိုကြီးကလဲရောက်ကတည်းကဆူနေတာပဲ"

"မင်းလုပ်တာဟုတ်မှမဟုတ်တာ"

"ကျွန်တော်ကဘာမဟုတ်တာလုပ်နေလို့လဲဗျ!"

ဘုန်းသက်နဲ့သံလွင်ပြောရင်းနဲ့အသံတွေကမာလာကြတာနဲ့ဒေါ်နန်းမြင့်ဝတီအမြန်ပဲတားလိုက်သည်။

"ကဲပါ တော်ကြပါတော့ သွား သွား ရေချိုးမှာမလားသားငယ်က သွားချိုးချည် သားကြီးကအလင်းငယ်ကိုပို့ပြီးပြီမလား နောက်ကျနေမယ်Companyသွားတော့ သွား"

ထိုအခါမှဘုန်းသက်နဲ့သံလွင်လူစုကွဲတော့သည်။အခန်းထဲဝင်လိုက်တော့သူ့သားကပြင်ဆင်နေသည်။

My son become my husbandWhere stories live. Discover now