အပိုင်း ၂၆

634 9 0
                                    

စခန်းမှူးကောင်ကိုရှင်းပြီးတာနဲ့အပြင်ပြန်ထွက်လာခဲ့သည်။တံခါးနားမှာသူ့ကိုစောင့်နေတဲ့Daddyကိုမြင်တော့လက်ကိုတွဲကာ ကားဆီခေါ်လာခဲ့သည်။

"ကလေး ဟိုကောင်ရော"

"သေပြီ သတ်လိုက်ပြီDaddy"

"ဪ....အင်း ဒါဆိုအကိုကြီးဆီသွားရအောင်"

"ဟုတ်Daddy"

ဆေးရုံရှေ့ရောက်တော့

"Daddyတစ်ယောက်ထဲသွားလို့ဖြစ်တယ်မလား"

"မင်းကဘယ်သွားမလို့လဲ"

"တစ်နေရာကို ကိစ္စလေးရှိလို့"

"ငါလဲလိုက်မယ်"

"မလိုက်နဲ့ မကြာဘူး ခနလေးပဲ"

"....."

"Daddyကလိမ္မာပါတယ် ဦးကြီးနားသွားနှင့်နော် သားပြီးရင်လာခဲ့မှာ"

"တကယ်တန်းပြန်လာမှာနော်"

"ဟုတ်"

သံလွင့်ကိုလိုက်ပို့ပြီးတာနဲ့ဂိုဏ်းကိုပြန်ထွက်လာခဲ့သည်။ဂိုဏ်းကိုရောက်တော့စခန်းမှူးကောင်ရဲ့အလောင်းကိုအိတ်အကြီးကြီးတစ်အိတ်ထဲထည့်ကာကားအနောက်ဖုံးထဲထည့်လိုက်သည်။ပြီးတာနဲ့မြေအောက်ခန်းတံခါးကိုဖွင့်ကာသေနတ်အတိုတစ်လက်ကိုယူကာရဲစခန်းကိုထွက်လာခဲ့သည်။စခန်းကိုရောက်တော့ကားကိုရပ်လိုက်ရင်းနောက်ဖုံးကိုဖွင့်လိုက်သည်။လက်ထဲမှာလဲသေနတ်အတိုကိုကိုင်ရင်းအနောက်ဖုံးထဲကအိတ်ကြီးကိုဆွဲချလိုက်သည်။ပြီးတာနဲ့စခန်းထဲကိုထိုအိတ်ကိုပစ်ကန်ကာအထဲဝင်လာလိုက်သည်။
လက်ထဲမှာသေနတ်အတိုတစ်လက်ကိုင်ရင်းအိတ်တစ်အိတ်ကိုကန်လာတဲ့သူ့ကိုမြင်တာနဲ့ရဲတစ်ချို့ကကြောက်လန့်တကြားနောက်ဆုတ်တဲ့သူကဆုတ်ပြီးတစ်ချို့ကတော့သူ့ကိုသေနတ်နဲ့ပြန်ချိန်ထားကြသည်။မင်းဆက်ကတော့ထိုလူတွေကိုဂရုမစိုက်စွာ‌ကြမ်းပြင်ကအိတ်ကိုခြေထောက်နဲ့ကန်လိုက်ရင်းအနားမှာရှိတဲ့ရဲတစ်ယောက်ကိုပြောလိုက်သည်။

"မင်းတို့ဆရာကိုခေါ်လိုက်စမ်း!"

ထိုအခါသူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ရဲတွေထဲကတစ်ယောက်က

My son become my husbandWhere stories live. Discover now