ညရောက်လာတော့အကိုကြီးနဲ့ယောက်ဖလဲပြန်သွားသည်။အိမ်ကြီးမှာသံလွင်နဲ့မေမေနှစ်ယောက်ထဲသာရှိတော့သည်။အိမ်ကအလုပ်သမားတွေကလဲနားတဲ့သူကနားသူ့အလုပ်သူလုပ်တဲ့လူကလုပ်နဲ့သူ့နေရာနဲ့သူနေနေကြသည်။ကလေးလေးကတော့ကျော်ခန့်နဲ့အတူရှိနေသည်။သံလွင်လဲပထမဆုံးဆိုတော့ကလေးကိုဘယ်လိုကိုင်တွယ်ရမှန်းမသိသေး၍ကျော်ခန့်နဲ့ပေးထားခြင်းဖြစ်သည်။ဒါမဲ့ကျော်ခန့်ကလဲလူပျိုဆိုတော့ကလေးကိုဘယ်လိုထိန်းရမလဲသူလဲသေချာမသိပေဒါမဲ့bossကပေးထားတာဆိုတော့ဖြစ်အောင်ထိန်းနေရသည်။မေမေနဲ့သံလွင်တို့ညစာစားနေကြခြင်းဖြစ်သည်။သံလွင်ကငါးဟင်းထဲကငါးဖက်တစ်ဖက်ခပ်ပြီးမေမေ့ကိုခပ်ထည့်ပေးလိုက်သည်။ပြီးတော့
"မေမေသားတောင်းပန်ပါတယ်နေ့ခင်းကကိစ္စအတွက်"
"......"
ဒေါ်နန်းမြင့်ဝတီဘာမှပြန်မပြောပဲသံလွင်ထည့်ပေးသည့်ငါးဟင်းကိုဖဲ့ပြီးထမင်းပဲဆက်စားနေသည်။"မေမေစိတ်ပူနေတာသားသိပါတယ်အဲလိုမဖြစ်အောင်သားသေချာပြုပြင်မှာပါမေမေသားကိုခွင့်လွှတ်ပါ"
သံလွင်မျက်နှာငယ်လေးနဲ့ပြောတော့ဒေါ်နန်းမြင့်ဝတီလဲမနေသာတော့ပါ။"လုပ်ပြီးမှတော့ကောင်းအောင်ဆက်လုပ်ဖို့ပဲရှိတော့တယ်သံလွင်ငါ့ကိုဘာမှလာပြောမနေနဲ့တကယ်ဆိုမင်းအဲတာတွေကိုမလုပ်ခင်ထဲကငါ့ကိုသေချာတိုင်ပင်ခဲ့သင့်တာ"
"သားကမေမေကန့်ကွက်မှာစိုးလို့ပါ"
"မင်းငယ်ငယ်ထဲကမင်းဘာလုပ်လုပ်ငါ့ကိုပြောပြပြီးမှလုပ်တာမဟုတ်ဘူးလား"
"ဟုတ်ပါတယ်"
"ငါကန့်ကွက်ခဲ့ဘူးလားအဲလိုအချိန်တွေဆို"
"မကန့်ကွက်ခဲ့ပါဘူးမေမေ"
"အေးလေ မင်းကိုဘယ်ဟာလုပ်ရင်တော့ဘယ်လိုဖြစ်လိမ့်မယ်ဆိုပြီးမင်းစဉ်းစားဖို့ငါလမ်းပြပေးခဲ့တာပဲရှိတာကန့်ကွက်ဖူးသလားသံလွင်"
"မကန့်ကွက်ပါဘူးမေမေသားမှားသွားပါတယ်"
"ရှိစေတော့ ကလေးနာမည်ဘယ်လိုပေးထားလဲ"
"မင်းဆက်ဧရာလို့ပေးထားပါတယ်မေမေ"
"မင်းဆက်ဧရာ"
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd