မင်းဆက်ကမှူးယံဆီအာရုံရောက်နေတုန်းသတိုးရာဇာသူ့ဘေးနားကသေနတ်ကိုကောက်ကာမင်းဆက်ကိုသေနတ်နဲ့ပစ်လိုက်သည်။ဒါပေမယ့်မင်းဆက်ကိုမမှန်ပဲဘယ်ချိန်ကသတိရလာပြီးထလာမှန်းမသိတဲ့သံလွင်ကကာလိုက်တာကြောင့်သံလွင်ရင်ဘတ်ကိုသာမှန်သွားသည်။မင်းဆက်ဒေါသတွေတားမရအောင်ထွက်လာကာကျော်ခန့်ကိုခေါ်လိုက်သည်။
"ဦးကျော်ခန့်!!!"
မင်းဆက်တို့ကိုကျန်တဲ့Scorpionဂိုဏ်းသားတွေရန်ကနေကာကွယ်ပေးနေတဲ့ကျော်ခန့်ကအပြေးလာသည်။
"သခင်လေးပြောပါ"
"Daddyကိုဆေးရုံအမြန်ခေါ်သွားပေးပါဦးကျော်ခန့် ဟိုသူတောင်းစားပစ်လိုက်တာနှလုံးနားမှန်သွားတယ် အန္တရာယ်ရှိလို့မြန်မြန်လေးခေါ်သွားပေး!!"
"ဒါမဲ့ သခင်လေးကရော"
"ကျွန်တော်ကရတယ် Daddyကိုသာခေါ်သွားပေးစမ်းပါဗျာ!!"
မင်းဆက်ပြောနေရင်းစိတ်မရှည်တော့လို့အော်ပစ်လိုက်မိသည်။ကျော်ခန့်လဲသူ့Bossကိုဂျိုင်းအောက်ကနေဝင်ကာတွဲထူလိုက်ရင်းခေါ်သွားသည်။သူ့Daddyအပြင်ရောက်သွားပြီဆိုမှဒူးထောက်ထိုင်နေရာကနေထလိုက်ရင်းသတိုးရာဇာနားလျှောက်လာသည်။သတိုးရာဇာကwheel chairဘီးကိုလှည့်ရင်းထွက်ပြေးဖို့ပြင်ပေမယ့်သူ့ထက်ပိုမြန်တဲ့မင်းဆက်ကသတိုးရာဇာကိုဂုတ်ကနေဆွဲကိုင်ကာwheel chairပေါ်ကနေဆွဲချလိုက်သည်။အောက်ကိုကျသွားတဲ့သတိုးရာဇာအင်္ကျီစကိုဆွဲကိုင်ရင်းအနားနားကပ်ကာ
"သတိုးရာဇာ! ငြိမ်နေတဲ့ကျားကိုလာဆွရင်ဘာဖြစ်တတ်လဲခင်ဗျားသိလား!"
မင်းဆက်မျက်လုံးတွေကသွေးအေးကာကြောက်စရာကောင်းလာသည်။သွေးဆာနေတဲ့သားရိုင်းတစ်ကောင်လိုလူတစ်ယောက်ကိုရက်ရက်စက်စက်သတ်ဖြတ်ဖို့အသင့်ဖြစ်နေသည်။
သတိုးရာဇာကမထီမဲ့မြင်ပုံစံလုပ်တုန်းပင်ဖြစ်သည်။"အဟက်!! ဘာလဲ မင်းကမင်းကိုယ်မင်း 'ကျား' လို့လာသုံးနေတာလား"
"....."
"ကျားဆိုတာရက်စက်တယ် တိုက်ခိုက်တတ်တယ် အန္တရာယ်ရှိတဲ့သတ္တဝါကွ အခုမင်းပုံစံကလူသတ်ဖို့မပြောနဲ့ ပြန်တောင်မခုခံတတ်ဘူး အဲ့လိုပုံစံနဲ့ငါ့ကိုလာခြိမ်းခြောက်နေတာလား ဟားဟား ရယ်ရတယ်ကွာ"
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd