အပိုင်း ၂၄

634 10 0
                                    

11.11.2020

မြေအောက်လောကရဲ့ဘုရင်တစ်ဆူဖြစ်တဲ့gangsterခေါင်းဆောင်ကြီးနဲ့သံလွင်business groupရဲ့အမွေဆက်ခံသူတို့ရဲ့မင်္ဂလာပွဲဖြစ်တာကြောင့်မင်္ဂလာပွဲကိုတက်ရောက်တဲ့သူတွေထဲမှာဂိုဏ်းလောကသားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလက်ညှိုးထိုးမလွဲရှိနေသည်။

ဒီနေ့ကသံလွင်နဲ့မင်းဆက်တို့ရဲ့မင်္ဂလာပွဲနေ့ဖြစ်သည်။သတို့သားနှစ်ယောက်ကအဖြူရောင်suitအပြည့်ဝတ်ထားကြပြီးCobra gangရင်ထိုးလေးကိုရင်ဘတ်တစ်ဖက်တစ်ချပ်မှာထိုးထားကြသည်။သံလွင့်ဂိုဏ်းသား‌တွေလဲထိုရင်ထိုးလေးတွေကိုဆင်တူထိုးထားကြသည်။ရှည်လျားပြီးတောင့်တင်းသန်မာကာကြည့်ကောင်းလှတဲ့ခန္ဓာကိုယ်ပေါ်မှာဝတ်ထားတဲ့suitအဖြူလေးနဲ့လိုက်ဖက်စွာမင်းဆက်မျက်နှာလေးကလဲဖြူဖွေးတဲ့အသားအရေပိုင်ဆိုင်သူပီပီဖြူစင်ကာကြည်လင်နေပြီးချောမောခန့်ညားလွန်းသည်။နဖူးပေါ်မှာချနေကြဆံပင်အုပ်အုပ်လေးတွေကိုဂျယ်သုံးကာလှန်တင်ထားပုံကလူငယ်လေးအသွင်ကနေအရာရာကိုဦးစီးနိုင်သူအိမ်ထောင်ဦးစီးအသွင်အဖြစ်ကူးပြောင်းသွားပြီးတည်ကြည်ခန့်ညားလှသည်။သံလွင်ကလဲဂုတ်ထောက်ဆံပင်တွေကိုသေချာဖီးသင်ထားပြီးခါတိုင်းလိုပြေပြစ်တဲ့နဖူးပြင်ပေါ်အောင်ဂျယ်နဲ့သေချာလှန်တင်ထားပေမဲ့ထုံးစံအတိုင်းမရှည်မတိုဆံပင်လေးတွေကနဖူးပြင်ပေါ်ဟိုတစ်စဒီတစ်စကျနေသေးသည်။တည်ကြည်ခန့်ညားတဲ့အသွင်နဲ့လူတိုင်းရဲ့ideal typeခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာကြောင့်ဝတ်ဆင်ထားတဲ့suitအဖြူနဲ့သံလွင်နဲ့အရမ်းကိုလိုက်ဖက်လွန်းသည်။
ဘုန်းသက်နဲ့အလင်းငယ်လဲအဖြူရောင်suitလေးကိုဝတ်ထားပြီးဒေါ်နန်းမြင့်ဝတီလဲအင်္ကျီအဖြူရောင်ရင်ဖုံးလေးပေါ်မှာနီလာရင်ထိုးလေးကိုလှပစွာတပ်ဆင်ထားပြီးဆင်စွယ်ရောင်ချိတ်ထဘီနဲ့ကျက်သရေရှိစွာလှပနေသည်။ကျော်ခန့်နဲ့ခွန်းစစ်လဲအဖြူရောင်suitဆင်တူကိုဝတ်ထားကြပြီးသံလွင်တစ်အိမ်လုံးအဖြူရောင်လေးတွေနဲ့ကျက်သရေရှိနေကြသည်။

အခမ်းအနားစတာနဲ့ဘုန်းသက်ကသံလွင့်လက်ကိုတွဲပြီးထွက်လာသည်။မင်းဆက်နဲ့ဒေါ်နန်းမြင့်ဝတီကပွဲနေရာမှာရပ်နေကြပြီးသံလွင်တို့အလာကိုစောင့်မျှော်နေကြသည်။မင်းဆက်တစ်ယောက်သူ့သတို့သားလောင်းလေးသူ့ဆီအလာကိုစောင့်နေရင်းရင်တွေကလဲခုန်နေရသည်။သူအဖြစ်ချင်ဆုံးအရာကြီးကအခုအမှန်တကယ်ပဲဖြစ်လာပြီဖြစ်သည်။

My son become my husbandWhere stories live. Discover now