တစ်နှစ်ခန့်ကြာသော်
"ဝန်ထမ်းတွေအကုန်လုံးအသင့်ပြင်ထားကြနော် CEOလာနေပြီ"
ဝန်ထမ်းတစ်ယောက်ရဲ့လောဆော်သံအောက်မှာဝန်ထမ်းတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။ပိုပြီးပျာသွားရသည်က CEOလာမည်ဟုဆိုသောကြောင့်ပင်။နောက်ရောက်လာတဲ့CEOအသစ်က သံလွင်business groupကြီးရဲ့အမွေဆက်ခံသူလဲဖြစ်ကာစည်းကမ်းအရမ်းတင်းကျပ်ပြီးတိကျသူဖြစ်သည်။အချိန်အရမ်းတိကျသူဖြစ်ပြီးလုပ်ငန်းလုပ်ရာမှာလဲတိကျပြတ်သားကာဘက်မလိုက်တတ်တဲ့သမာသမတ်ကျသူဖြစ်သည်။တစ်ချို့တစ်လေထပ်ပြီးသိထားရတဲ့CEOရဲ့အကြောင်းတစ်ချို့ကCEOဟာCobra gangရဲ့ဂိုဏ်းချုပ်ကြီးတစ်ယောက်လဲဖြစ်သည်။စီးပွားရေးလောကမှာတိကျပြတ်သားပြီးသမာသမတ်ကျတဲ့သူဆိုရင်မြေအောက်လောကမှာတော့ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။Cobra gangကိုလာထိတဲ့ဘယ်သူမဆိုသူတို့ရဲ့အသက်ရှင်ခြင်းကဂိုဏ်းချုပ်နဲ့မတွေ့ခင်အထိပဲဖြစ်သည်။ဂိုဏ်းချုပ်လက်ထဲကိုရာဇဝတ်သားရောက်သွားလို့ကတော့အဲ့ဒီ့ရာဇဝတ်သားအသက်ရှင်ဖို့ရာမျှော်လင့်ချက်မရှိတော့ပေ။မသေမချင်းနှိပ်စက်တတ်သူဖြစ်သည်။မြေအောက်လောကရဲ့ဂိုဏ်းခေါင်းဆောင်တွေထဲမှာCobra gangရဲ့ဂိုဏ်းခေါင်းဆောင်ကအရက်စက်ဆုံးဟုကျော်ကြားသည်။ဂိုဏ်းတွေထဲမှာလဲ Cobra gangကနာမည်အကြီးဆုံးဖြစ်သည်။ဘိန်းဖြူရောင်းတာနဲ့လက်နက်ကုန်တင်တာကလွဲရင်ကျန်တဲ့မကောင်းမှုမှန်သမျှရှောင်ကာဘယ်သူ့ကိုမှအသားလွတ်ရန်မစတတ်တဲ့ဂိုဏ်းဖြစ်တာကြောင့်အကျင့်စာရိတ္တပိုင်းမှာလဲCobra gangကနာမည်ကြီးလှသည်။ယခင်ဂိုဏ်းခေါင်းဆောင် မင်းမြတ်သံလွင်ကရက်စက်တတ်သူဆိုရင်ယခုဂိုဏ်းခေါင်းဆောင်ကဆယ်ဆပိုရက်စက်သည်။စီးပွားရေးလောကမှာလဲထိုကဲ့သို့ပင်။ရုံးတွင်းမှာဝန်ထမ်းအချင်းချင်းအနိုင်ကျင့်မှု အထက်အရာရှိကလက်အောက်ငယ်သားကိုနှိပ်စက်မှုဆိုရင်ချက်ချင်းဆိုသလိုထိုဝန်ထမ်းကိုအရေးယူကာအလုပ်ကနေချက်ချင်းထုတ်ပစ်သည်။ဘယ်လောက်ပဲတော်နေပါစေအကျင့်စာရိတ္တပိုင်းမကောင်းလျှင်ထုတ်ပစ်ဖို့ဝန်လေးမနေတတ်သူဖြစ်သည်။ထိုကဲ့သို့စည်းကမ်းကောင်းကာထိန်းချုပ်မှုကောင်းမွန်တာကြောင့်စီးပွားရေးလောကမှာ သံလွင်business groupကထိပ်တန်းဖြစ်နေသည်။မယုံနိုင်စရာတစ်ခုကစီးပွားရေးမှာရောမြေအောက်လောကမှာပါလျှမ်းလျှမ်းတောက်နာမည်ကြီးကျော်ကြားနေတဲ့သူကအသက် ၁၈နှစ်သာရှိသေးတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေသည်။
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd