သံလွင်တို့ကလေးကိုခေါ်ပြီးအိမ်ကိုရောက်လာကြသည်။အိမ်ထဲရောက်တော့အကိုကြီး၊မေမေနဲ့ယောက်ဖတို့ကထိုင်ပြီးစကားစမည်ပြောနေကြသည်။သံလွင်တို့ဝင်လာတာမြင်တော့အကိုကြီးက
"ဟော ပြန်တောင်ရောက်လာပြီလားမင်းမြတ်"
"ဟုတ် ရောက်လာပြီအကိုကြီး"
"လက်ထဲကဘာလေးတုန်းကိုလေးရဲ့"
အလင်းငယ် ကိုလေးလက်ထဲမှာကိုင်ထားတာဘာလေးလဲသိချင်၍မေးလိုက်သည်။
"ဒါလား ယောက်ဖရဲ့တူလေးလေ အကိုကြီးနဲ့ယောက်ဖရဲ့တူ မေမေရဲ့မြေး၊ ကျုပ်ရဲ့သား"
"ဘာ"
"ဘယ်လို"သံလွင်မိတ်ဆက်ပေးလိုက်တော့မေမေတို့အကုန်အံ့ဩကုန်ကြသည်။
"မေမေပဲမျိုးဆက်လိုချင်နေတာမလား ကျုပ်ယူပေးလာတယ် ဒီကလေးကသံလွင်မိသားစုရဲ့လုပ်ငန်းတွေ စီးပွားရေးတွေအကုန်ဆက်ခံမယ့်မျိုးဆက် ဟောဒီကမင်းမြတ်သံလွင်ရဲ့သားပဲ"
"သံလွင် ဘာတွေလျှောက်လုပ်နေတာလဲသား"
"လုပ်သင့်တာလုပ်နေတာပါမေမေ ရော့ဒီမှာ မေမေလက်ခံချင်လဲနေ လက်မခံချင်လဲနေ ဒီကလေးကကျုပ်ရဲ့သားဆိုတာတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး"
"သံလွင် ငါပြောတာအဲလိုမဟုတ်ဘူးလေ အဲလိုလုပ်စေချင်တာမဟုတ်ဘူး ငါကငါ့သားရဲ့သွေးသားကိုပြောတာ ဒီလိုသံလွင်မိသားစုရဲ့သွေးတစ်စက်မှမရောတဲ့ကလေးကိုပြောတာမဟုတ်ဘူး ဒီလိုကလေးကိုလဲငါကဘာမှဦးစီးခိုင်းမှာမဟုတ်ဘူး"
"မေမေမတော်နိုင်သေးဘူးလားအဲ့အတ္တတွေ မေမေလဲတစ်ချိန်ကြရင်ဒီပိုင်ဆိုင်မှုတွေကိုအကုန်ထားပြီးထွက်သွားရမှာ သားတို့အကိုကြီးတို့လဲသေရင်ဒါတွေအကုန်ထားခဲ့ရမှာ ကိုယ့်နောက်မပါမယ့်ဟာတွေကိုဘာလို့လောဘကြီးနေဦးမှာလဲ ဒီဘဝမှာဒီလိုနေနိုင်ရင်တော်ပြီလေဗျာ နောက်ဘဝထိသယ်ချင်နေသေးတာလား"
"မင်းမြတ်သံလွင်!"
"ဘာလဲမေမေ မေမေအဲလိုတွေစိတ်ကိုဦးစားပေးလွန်းလို့အကိုကြီးလဲဒီအိမ်ကြီးကနေခွဲထွက်ပြီးပြီ သားကိုပါမမြင်စေချင်နေတာလား"
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd