3.5.2007
ယနေ့မင်းဆက်ဧရာလေးရက်တစ်ရာပြည့်တဲ့နေ့ဖြစ်သည်။ထို့ကြောင့်သံလွင်အိမ်ရှိလူအကုန်အလုပ်ရှုပ်နေကြသည်။မွေးနေ့ရှင်လေးကရော?မွေးနေ့ရှင်လေးကတော့သူ့ဖေဖေသံလွင့်လက်ထဲမှာအိပ်ပျော်နေတုန်းဖြစ်သည်။သံလွင်တစ်ယောက်မင်းဆက်လေးကိုလက်တစ်ဖက်ကချီရင်းတစ်ဖက်ကလိုအပ်သည်များကိုညွှန်ကြားနေသည်။အပြင်အဆင်ပိုင်းကိုကျော်ခန့်ကတာဝန်ယူထားပြီးဧည့်သည်အပိုင်းကတော့ဘုန်းသက်ကတာဝန်ယူထားတာဖြစ်သည်။
"မင်းမြတ် မင်း***ကုမ္ပဏီကဦးကျော်မင်းကိုရောဖိတ်ဦးမှာလား"
"ဖိတ်လေအကိုကြီးရ ဖေဖေ့မိတ်ဆွေပဲကို"
"Ok ok"
"Boss"
"ဟေ ကျော်ခန့်ပြောလေ"
"အကိုကြီးဘုန်းသက်ရော"
"ဟိုမှာလေ ဘာလို့"
"ခုံတွေစီစဉ်ဖို့ပါ"
"ဪအေး သေချာလေးလုပ်နော်"
"ဟုတ်ကဲ့ပါboss"
"လှိုင်လှိုင်! လှိုင်လှိုင်!"
"ရှင်အကိုလေး"
"ကလေးနိုးလာရင်သောက်ဖို့နို့ဖျော်ထားပြီးပြီလား"
"ဟုတ်ဖျော်ထားပြီးပါပြီအကိုလေး"
"အေးအေး ကလေးနိုးလာရင်သောက်ဖို့အဆင်သင့်ရှိနေပါစေ"
"ဟုတ်အကိုလေး အဆင်သင့်ပါပဲ"
"ဟုတ်ပြီ"
ကလေးလေးကသံလွင်နဲ့နေတာရက်နည်းနည်းကြာလာတော့သံလွင့်လက်ထဲမှာပဲအိပ်တော့သည်။အောက်ကိုချလိုက်တာနဲ့နိုးပြီးတန်းငိုလာလို့သံလွင့်မှာလက်အံသေခံပြီးချီထားရတာဖြစ်သည်။မဟုတ်လဲဘေးမှာသံလွင်ရှိနေမှဖြစ်သည်။နိုးတဲ့အချိန်ဆိုလက်သေးသေးလေးနဲ့သံလွင့်ကိုစမ်းတတ်သည်။သံလွင်ရှိမနေရင်ဘယ်သူချော့ချော့အာပြဲအောင်ငိုတော့တာဖြစ်သည်။ကျန်တဲ့အချိန်ဆိုရင်တော့ဘယ်သူချီချီလိုက်သည်။အချီခံသည်။ဒါပေမယ့်ကလေးကအိပ်တဲ့အချိန်နဲ့နိုးစအချိန်ကလွဲရင်ကျန်တာကအလင်းငယ်လက်ထဲမှာပဲများသည်။အလင်းငယ်ကလဲမင်းဆက်လေးရောက်ပြီးထဲကအိမ်ကိုခနခနလာနေတာဖြစ်သည်။မဟုတ်ရင်အကိုကြီးအလုပ်အားမှလာကြသည်။အခုတော့အဲလိုမဟုတ်တော့။အကိုကြီးမအားလဲအကိုကြီးရုံးသွားတဲ့အချိန်ဆိုသူ့ကိုခေါ်ပြီးသံလွင်တို့အိမ်မှာချထားပေးခဲ့ရသည်။အကိုကြီးရုံးပြန်တဲ့အချိန်လာခေါ်မှပြန်တော့တာဖြစ်သည်။တစ်နေကုန်မင်းဆက်လေးကိုမေမေနဲ့အတူထိန်းနေတာဖြစ်သည်။မေမေကလဲရောက်တဲ့နေ့ကလွဲပြီးနောက်နေ့ကစပြီးမင်းဆက်လေးကိုအလင်းငယ်လက်ကလွတ်ရင်လွတ်သလိုချီသည်။မင်းဆက်လေးကတော့ဘွားအေနဲ့ဦးလေးတွေရဲ့အချစ်ခံလေးဖြစ်လို့နေသည်။တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာတာလဲလွန်ရောပါးဖောင်းဖောင်းမျက်လုံးရွဲရွဲကြီးတွေနဲ့သံလွင်မရှိလို့ငိုတဲ့ချိန်ဆိုပါးဖောင်းဖောင်းကြီးနှစ်ဖက်ကနီရဲလို့နှာခေါင်းလေးကလဲနီနေသည်။သံလွင်အလုပ်အားလို့သူနဲ့အတူရှိနေချိန်ကလူရင်မြှူရင်လဲရယ်လိုက်တာခစ်ခစ်တက်လို့။သံလွင်ကလဲထိုရယ်သံလေးကိုသိပ်သဘောကျလို့ခနခနမြှူရင်အူနာနေအောင်ကိုရယ်သည်။ဒီကလေးလေးဒီအိမ်ရောက်လာမှသံလွင်တို့မိသားစုလဲပိုစည်လာသလိုရယ်သံတွေလဲပြန်ကြားလာရသည်။ဒါကြောင့်ဒီကလေးလေးကသူတို့အတွက်တော့ရတနာလေးတစ်ပါးပင်။မင်းဆက်လေးအိမ်ကိုရောက်တာမကြာသေးသော်ငြားသံယောဇဉ်တွယ်တာတော့အရမ်းမြန်သည်။
ပွဲချိန်ရောက်လာတော့
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd