အပိုင်း ၁၂

901 24 0
                                    

ညပိုင်းမှာတော့သံလွင်သတိရလာသည်။သေနတ်မှန်ထားတဲ့နေရာကအောင့်ပြီးတော့နာနေသည်။မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့မီးရောင်စူးစူးကိုမြင်လိုက်ရ၍မျက်လုံးတွေကအလိုလျောက်ပြန်ပိတ်သွားသည်။ပြီးမှဖြေးဖြေးချင်းအလင်းရောင်ကိုအသားကျအောင်လုပ်ပြီးပြန်ဖွင့်လိုက်တော့ဘေးမှာသူ့သားငယ်ကကုတင်ဘေးကခုံမှာခေါင်းမှီပြီးခြေဆင်းကာအိပ်ပျော်နေသည်။မျက်နှာမှာလဲအနာကပ်ပလာစတာတွေ ၂ခု၃ခုလောက်ကပ်ထားသည်။အခန်းပတ်ပတ်လည်ဝေ့ကြည့်လိုက်တော့ဘေးကပစ္စည်းတွေတင်တဲ့စင်ကလွဲရင်ဧည့်သည်အတွက်ထိုင်ခုံရယ်သူ့နှာခေါင်းမှာတပ်ထားတဲ့အောက်ဆီဂျင်အိုးရယ်ပဲရှိသည်။အခန်းထဲမှာသံလွင်နဲ့မင်းဆက်နှစ်ယောက်ထဲသာရှိနေသည်။သံလွင်လဲအခန်းကိုစစ်ဆေးပြီးတော့မင်းဆက်ကိုလဲမနှိုးချင်တာနဲ့ပြန်ပြီးအိပ်ပျော်ဖို့ကြိုးစားလိုက်သည်။သံလွင်လဲတစ်လျှောက်လုံးသတိမေ့ပြီးကုတင်ပေါ်မှာအိပ်နေရတာဆိုတော့ကျောပူလာတာနဲ့ဟိုဘက်လှည့်ဖို့ပြင်နေစဉ်တံခါးဝကနေတစ်ယောက်ဝင်လာတာကိုကြည့်လိုက်တော့ကျော်ခန့်ဖြစ်နေသည်။

"Boss..."

"ရှူးးးး"

ကျော်ခန့်ပြောမလို့ပြင်နေတုန်းသံလွင်ကနှုတ်ခမ်းပေါ်လက်ညှိုးဖြတ်တင်ကာတိုးတိုးပြောဖို့သတိပေးလိုက်သည်။ထိုအခါမှကျော်ခန့်လဲအသံကိုနှိမ့်လိုက်ကာ

"Boss သတိရလာပြီလားဗျ ဒဏ်ရာကဘယ်လိုနေသေးလဲ"

"သက်သာပါပြီ နည်းနည်းပဲအောင့်တော့တာ မင်းရောဘာမှမဖြစ်ဘူးမလား"

"ဟုတ် ကျွန်တော်ကဘယ်နေရာမှမထိပါဘူး"

"သားငယ်သနားပါတယ်"

"ဟုတ်တော့ဟုတ်တယ်Boss"

"မင်းဟာကဘယ်လိုကြီးလဲ"

"သခင်လေးကြောက်ဖို့ကောင်းတာBossမသိလို့ဗျ"

ကျော်ခန့်ပြောရင်းအရှိန်ပါသွားတာနဲ့အသံနည်းနည်းကျယ်သွားတော့မင်းဆက်က အင်း အဲ လုပ်လာသည်။ကျော်ခန့်လဲသတိနဲ့ပြန်ထိန်းလိုက်ကာ

"အခုရဲတွေကသတိုးရာဇာအလောင်းကောက်တာလေ တစ်စစီလိုက်ကောက်နေရတယ်Bossရ"

My son become my husbandWhere stories live. Discover now