အပိုင်း ၂၃

595 11 0
                                    

"မှူးယံ! မှူးယံ! မင်းမလား"

"အေး ဟုတ်တယ်မင်းဆက်"

"ဘယ်လိုရောက်နေတာလဲကျောင်းကို"

"ကိစ္စရှိလို့ မင်းကိုပြောစရာရှိလို့"

"ခနလေး"

ခနလေးဆိုကာမှူးယံကိုယ်လေးကိုမင်းဆက်ဖက်လိုက်တော့မှူးယံကအလိုက်တသိပြန်ဖက်လာသည်။

"တကယ်ဟုတ်နေတာပဲ မင်းဘယ်လိုကနေဘယ်လိုရောက်လာတာလဲ မင်းကသေသွားပြီလေ"

"ဟုတ်တယ် ဒါမဲ့ငါမင်းဆီပြန်လာမှာ"

"ဘယ်လိုမျိုးလဲ ဘယ်လိုလာမှာလဲ"

"အဲ့တာတော့စောင့်ကြည့်ပေါ့ကွာ ငါမင်းရှေ့ရောက်ခါမှမင်းငါ့ကိုမမှတ်မိရင်ဆွဲထိုးမှာနော်"

"မင်းကလဲ မမှတ်မိစရာလား"

"အေး ငါအဲ့တာလာပြောတာ သွားတော့မယ်"

"သွားတော့မလို့လား တွေ့တာတစ်မိနစ်တောင်မကြာသေးဘူးကို"

"ဟုတ်တယ်မင်းဆက် ငါသွားရတော့မှာ"

"နေပါဦး မသွားပါနဲ့ဦးမှူးယံရဲ့ အခုမင်းဘယ်မှာနေနေတာလဲ"

"ငါအဖေနဲ့အမေနဲ့အတူတူနေနေတာကွ ပျော်စရာကြီးသိလား"

"အေးပါ မင်းပျော်ရင်ငါကျေနပ်ပါပြီ"

"အခုတော့ငါသွားတော့မယ် ဖေဖေနဲ့မေမေကိုခနလေးတင်လို့ပြောလာတာ"

"နေပါဦးကွ ငါလိုက်ပြောပေးမယ်လေ ငါနဲ့နေပါဦး မတွေ့တာ‌ကြာတော့ခနလေးဖြစ်ဖြစ်တွေ့ရအောင်လို့ပါ"

"အာ မရဘူးကွ မင်းတွေ့ချင်ရင်ခါတိုင်းလိုလာခဲ့လေကွာ ငါစောင့်နေမယ် သွားပြီနော် တာ့တာငါ့ကောင်"

"မှူးယံ! နေ....နေပါဦး မှူးယံ!! မသွားပါနဲ့ဦး မှူးယံ!!"

"ကလေး"

"မသွားပါနဲ့ဦးမှူးယံ!! ခနနေပါဦး"

"ကလေး ကလေး သတိထားစမ်း! မင်းဆက်!"

အိပ်ရင်းနဲ့ယောင်နေတဲ့ကလေးငယ်ကိုသံလွင်ပါးလေးကိုခပ်ဆတ်ဆတ်ပုတ်ကာနှိုးလိုက်သည်။

"Daddy"

"အင်း ကလေးအိပ်မက်ဆိုးတွေမက်လို့လား"

My son become my husbandWhere stories live. Discover now