ညပိုင်းရောက်တော့မင်းဆက်တစ်ယောက်သူ့Daddyအတွက်ဆန်ပြုတ်ချိုင့်လေးဆွဲကာဆေးရုံကိုထွက်လာခဲ့သည်။ဆေးရုံရောက်တော့အခန်းထဲမှာကုတင်ပေါ်မှာထိုင်ကာဘာတွေစစ်နေမှန်းမသိတဲ့Daddyနဲ့ဘေးမှာလဲDaddyနဲ့အတူတူလုပ်နေတဲ့ဦးကျော်ခန့်ကိုတွေ့လိုက်ရသည်။ဦးခွန်းစစ်ကတော့ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။
သံလွင်သူ့သားငယ်ကိုမြင်တော့စာရင်းတွေစစ်နေရင်းကနေမော့ကြည့်ကာ
"အော သားငယ်လာပြီပေါ့"
"ဟုတ်Daddy ဘာတွေလုပ်နေတာလဲဟင်"
"သင်္ဘောကနေအထုပ်တွေရောက်လာလို့ဦးကျော်ခန့်နဲ့Daddyစာရင်းတွေစစ်နေတာပါကွာ သားထမင်းစားပြီးပြီလား"
"ဟုတ်ပြီးပြီDaddy ဦးကျော်ခန့်ညစာစားပြီးပြီလား"
"မစားရသေးဘူးသခင်လေး"
"ဪ သွားစားချည်ပါ့လား သားစောင့်ပေးလိုက်မယ် ဦးခွန်းစစ်ရောစားပြီးပြီလား"
"ဦးကစားပြီးပြီကောင်လေး"
"အာ ဟုတ် ဦးကျော်ခန့်သွားလေ"
"ဟုတ် ဒါဆိုကျွန်တော်ခနသွားလိုက်ဦးမယ်Boss"
"အေးအေး"
"ကိုယ်ပါလိုက်မယ်ကျော်ခန့်"
"ဒါဆိုလာ"
ကျော်ခန့်နဲ့ခွန်းစစ်ထွက်သွားတော့ဆန်ပြုတ်ချိုင့်လေးဖွင့်ကာ
"ဒီမှာDaddyဖို့ဆန်ပြုတ်ယူလာတယ်"
ဆန်ပြုတ်ဆိုတဲ့အသံကြားတော့သံလွင်မျက်နှာကြီးရှုံ့မဲ့သွားကာ
"ဒီဆန်ပြုတ်ကြီးပဲသောက်ရဦးမှာလား မနက်ကလဲသောက်ထားရသေးတာကို"
"သောက်ရဦးမှာပေါ့Daddyရ ဒီတစ်ရက်ထဲပါနောက်နေ့ဆိုထမင်းစားလို့ရပြီတဲ့ သားဆရာဝန်ကိုမေးထားတယ်"
"တကယ်လား မေးခဲ့တာလား"
"တကယ် တကယ်မေးခဲ့တာ ရပြီတဲ့"
"ဟုတ်ပါပြီ ဒါဆိုလဲခနနေရင်သောက်မယ် အခုဒါလေးလက်စသတ်လိုက်ချင်လို့"
"နေမကောင်းတာတောင်လုပ်နေသေးတယ် ခနနားပါဦးလားဗျာ"
မင်းဆက်သံလွင့်လက်ထဲကစာရွက်တွေယူကာပြောလိုက်သည်။
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd