မင်းဆက်ကျောင်းဆင်းချိန်ရောက်တော့သံလွင်ကျောင်းကိုသူကိုယ်တိုင်ပဲသွားကြိုလိုက်သည်။ကားထဲမှာစောင့်ရင်းမနေ့ကအကိုကြီးနဲ့ပြောထားတာကိုစဉ်းစားနေသည်။မနေ့ကသူ့ကိုလည်ပင်းညှစ်ပြီးဒီနေ့အတွင်းပေးလို့ခြိမ်းခြောက်သွားတဲ့သူကသူ့ချစ်သူသက်ထားလေးစိတ်ကောက်နေတာကိုချော့ရင်းမေ့သွားသည်ထင်သံလွင်တို့ကိစ္စကိုအစမဖော်ပေ။ဒီနေ့မနက်ကမှပြန်ပြီးသတိရသွားသည်ထင်ပြောလာသည်ကြောင့်သံလွင်စဉ်းစားနေရသည်။မေမေ့ကိုကြတော့ရောဘယ်လိုပြောရမလဲလို့မေးလိုက်တော့သူကိုယ်တိုင်မေမေနားလည်အောင်ပြောပေးမယ်လို့ပြောလာသည်။သူနဲ့မင်းဆက်နဲ့ကိုဘာလို့ဒီလောက်ထိဖြစ်စေချင်နေလဲသံလွင်တကယ်နားမလည်နိုင်ပါ။ကျောင်းဆင်းချိန်ရောက်တော့မင်းဆက်မတွေ့မှာစိုးတာကြောင့်ကားပြင်ထွက်လိုက်သည်။မင်းဆက်ကိုတွေ့တော့လက်ရမ်းပြလိုက်ရင်း
"မင်းဆက်! Daddyဒီမှာ!"
"ဟုတ်"
မင်းဆက်အံ့ဩတာတော့အမှန်။လာမကြိုတာတော်တော်ကြာပြီဖြစ်တဲ့သူ့Daddyကအခုတော့ထူးထူးဆန်းဆန်းလာကြိုလို့...
"Daddyကိစ္စရှိလို့လား"
"မဟုတ်ဘူး သားကိုတမင်လာကြိုတာ"
"အာ ဟုတ် သားကားကရောဘယ်လိုလုပ်ရမလဲ"
"ပြီးမှကျော်ခန့်လာယူလိမ့်မယ်"
"ဪဟုတ်"
အိမ်ကိုပြန်နေရင်းလမ်းမှာမင်းဆက်တစ်ယောက်အတွေးတွေနဲ့အလုပ်ရှုပ်နေသည်။ဒီနေ့မှူးယံဆီဝင်မလို့လုပ်ထားတာအခုDaddyလာကြိုတော့ပြောရကောင်းမလား၊မပြောပဲနေရမလားနဲ့တစ်ယောက်တည်းခေါင်းတွေခါနေသည်။ဒါကိုသတိထားမိတဲ့သံလွင်က
"သား ဘာဖြစ်နေတာလဲ Daddyကိုပြောစရာရှိလို့လား"
"ဟို...မရှိပါဘူးDaddy"
"ရှိနေပါတယ်ဒီပုံစံကြည့်ရတာ ဘာလုပ်ချင်တာလဲပြောDaddyကို"
"သား ဒီနေ့မှူးယံဆီဝင်မလို့လုပ်ထားတာDaddy ဒါမဲ့ကိစ္စမရှိပါဘူး နောက်နေ့မှဝင်လဲဖြစ်တယ်"
"ဪ ဒါလေးပြောဖို့ကိုတွန့်ဆုတ်တွန့်ဆုတ်နဲ့"
Daddyကပြောဆိုလို့သာမင်းဆက်ပြောလိုက်ရတာ ပို့မှာလားမပို့မှာလားတော့မင်းဆက်လဲမသိတော့။နဂိုထဲကDaddyကမှူးယံကိုသဘောမကျနေတာဆိုတော့မဝင်ဖြစ်ဖို့ကရာနှုန်းပိုများသည်။မင်းဆက်တစ်ယောက်ထဲအတွေးနယ်ကျွံနေတုန်း
YOU ARE READING
My son become my husband
Romanceဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd