Chapter ~ 6

1.6K 295 4
                                    

Unicode

အရင်ကဟုတ်လား?

သူအဆင်ပြေပါတယ် !

သူ့ဘေးမှာ စားဖို့သောက်ဖို့၊ အဝတ်အစားဝတ်ဖို့၊ အိပ်ယာ နဲ့ သွားရေးလာရေးလုပ်ဖို့အတွက် အစေခံတွေရှိတယ်၊ယ။ အိမ်မှာဖိတ်ထားတဲ့ ဧည့်သည်တွေနဲ့ စကားစမြည်ပြောကြတယ်။ ပန်းချီနဲ့ကဗျာတွေ၊ အရင်မင်းဆက်ကကြွေထည်တွေ အကြောင်းဆွေးနွေးကြတယ်။ (အိုးထဲ)မြားပစ်တမ်းဆော့ကြတယ်၊ သူ့အတွက် သီချင်းတွေဆိုပြကြသလို ရံဖန်ရံခါ စိတ်အဆင်မပြေတဲ့အခါ စန္ဒယားနဲ့ ပုလွေတွေတီးမှုတ်ပြကြတယ်။

အခုတော့ကြည့်ပါဦး။

ဝမ်ကျင်းက ခေါင်းခါပြီး အတိတ်ကို မေ့ပစ်ဖို့ကြိုးစားလိုက်တယ်။ ဒါတွေအားလုံးဟာ အရင်ဘဝက အရာတွေပဲ။ လူတွေကရှေ့ဆက်ဖို့ ကြိုးစားမယ်။

ထားလိုက်ပါ ဒီအကြောင်းတွေမစဉ်းစားတော့ဘူး၊ ဒီမူလအရူးကိုယ်ဟာ အရင်က ဘယ်လိုဘဝမျိုး နေထိုင်ခဲ့လို့ ဒီလို နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ် ရှိရတာလဲ။ဝမ်ကျင်းလည်း သိချင်ပေမယ့် ဒီမျိုးနွယ်စုကို မရောက်ခင်မှတ်ဉာဏ်တွေမရှိဘူး။

သူ မျိုးနွယ်ထဲကိုရောက်လာတော့ Danmu မျိုးနွယ်စုခေါင်းဆောင်က သူ့ကို ဒီလူထက် ပိုဆိုးတဲ့အခန်းကို ပေးခဲ့တယ်။ အခန်းထဲတွင် ကုတင်တစ်လုံးသာရှိပြီး အခြားဘာမျှမရှိပေ။ အားမုလို့ခေါ်တဲ့ကောတစ်ယောက်ကပဲ သူ့ကိုအမြဲစားစရာတွေလာပို့ပေးတယ်။ အားမုက ခြေတစ်ဖက်ခွင်နေပေမယ့် စိတ်ထားကောင်းတဲ့လူတစ်ယောက်ပါ။သူစိတ်ဖောက်တိုင်း အားမုကသူ့ကို ဂရုစိုက်ပေးလေ့ရှိတယ်။

ဒါပေမယ့်အားမုက ဝမ်ကျင်းဆီတစ်နေ့တစ်ကြိမ် သာလာတာဖြစ်တယ်။ သူထွက်သွားပြီးတိုင်း တခြားကောတွေက ဝမ်ကျင်းရဲ့အစားအစာတွေကို လာလုယူကြတယ်။ ဝမ်ကျင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း အဲ့လိုပဲ လုယက်သွားကြတယ်။

မူလကိုယ်က ရူးနေတဲ့အတွက် အပြင်လူဆီက အကူညီမတောင်းနိုင်ဘူး။ သူ့ကိုယ်သူကာကွယ်ဖို့သာ တိုက်ခိုက်နိုင်တယ်။ တိုက်ခိုက်ပြီးတဲ့အခါ အဲ့ဒီအကျင့်မကောင်းတဲ့ကောတွေက ဝမ်ကျင်းပေါ်မှာ အညစ်အကြေးရေတွေလောင်းချပြီး လူတွေကို လိုက်ရိုက်တတ်တဲ့ အရူးလို့ စွပ်စွဲကြတယ်။ မျိုးနွယ်စုထဲကလူတွေကလည်းဝမ်ကျင်းက လူတွေကိုအကြောင်းပြချက်မရှိ လိုက်ရိုက်တတ်တဲ့လူ လို့ပဲထင်မြင်လာကြတယ်။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now