Unicode
" ခင်ဗျား ဘာလုပ်နေတာလဲ! "
ဝမ်ကျင်းက မနေ့က အိမ်ရှေ့မှာလှမ်းထားခဲ့တဲ့ ယွမ်ဟန်ရှေ့က ချည်မျှင်ကြမ်းတွေကို ကြည့်ပြီး စိုးရိမ်စိတ်ဖြင့် မျက်လုံးများ နီရဲလာတော့သည်။
ဝမ်ကျင်းက ယွမ်ဟန်ရဲ့လက်ထဲကချည်ကို ဆတ်ခနဲဆွဲယူလိုက်တယ်။ ချည်က အချောသတ် ယက်လုပ်ထားတာ ဆိုပေမယ့် ယက်နည်းကြမ်းတမ်းလွန်းတာကြောင့် ချည်စကြမ်းကြမ်းတွေက ဟိုတစ်စ သည်တစ်စ ထိုးထိုးထောင်ထောင် ထွက်နေလေတယ်။ နူးညံ့တဲ့ ဝမ်ကျင်းရဲ့ လက်တွေပေါ်မှာ နီရဲရဲ ပွန်းပဲ့ရာတွေက တမဟုတ်ခြင်း နေရာယူသွားတော့တယ် ။
ယွမ်ဟန်က ဝမ်ကျင်းရဲ့ ဒီလိုတုံ့ပြန်မှုကို လုံးဝမမျှော်လင့်ထားခဲ့ပေ။ တခဏတာသာမှင်သက်သွားခဲ့ပြီး ချက်ချင်း ဝမ်ကျင်းလက်ကို ဆွဲယူကာ ကြည့်လိုက်လေသည်။ ဝမ်ကျင်းရဲ့ လက်ဖဝါးသည် နီရဲဖောင်းကားနေလေပြီ။ ယွမ်ဟန်၏ မျက်လုံးထဲတွင် စိုးရိမ်ဒေါသရိပ်များ ပြည့်နှက်လာပြီး လေသံက လည်းတင်းမာသွားတော့သည်။
" မင်းကိုယ့်ကိုယ်ကို သေချာဂရုစိုက်ရမယ်ဆိုတာမသိဘူးလား။ မင်းက အရူးလား။ ဘာလို့မဆင်မခြင် ကိုင်ရတာ လဲ "
ဝမ်ကျင်းမျက်လုံးတွေထဲမှာ မကျေနပ်မှု နာကျင်မှု အငွေ့အသက်များပြည့်နေပြီး ထိုလူကို ပြန်လည်ချေပစကားဆိုချင်သော်လည်း ယွမ်ဟန်ရဲ့ စိုးရိမ်မျက်လုံးတွေကို မြင်ပြီး စကားလုံးတွေအကုန် လည်ချောင်းထဲမှာ တစ်ဆို့ကုန်လေတယ်။ ထိုမျက်ဝန်းတွေရဲ့ အရိပ်အကဲကို ခဏလောက် အကဲခတ်ပြီးမှ တိုးတိုးလေး ပြောလိုက်တယ်။
'' ဒီချည်မျှင်တွေက အရမ်းရှားတာကို ခင်ဗျားဒီလို ဖြုန်းတီးပစ်နေတာ ဘယ်လိုလုပ် မစိုးရိမ်ပဲနေမှာလဲ အထည်စက ဒီလိုယက်ရမှာမဟုတ်ဘူး။ ဒီလိုလုပ်ရမှာမဟုတ်ဘူးလို့။ ''
ဝမ်ကျင်းရဲ့ အသံကို ကြားရုံနဲ့တင် မျက်နှာက မျက်ရည်တွေအပြည့် ဖုံးလွမ်းနေမယ်ဆိုတာခံစားနိုင်တယ်။ ဒီလိုဖြစ်အောင် လုပ်ခဲ့သူကလည်း သူကိုယ်တိုင်သာမို့ ယွမ်ဟန်တစ်ယောက် သေစေလောက်တဲ့ ပြစ်ဒဏ်ရှိနေသလိုခံစားလိုက်ရတယ်။

YOU ARE READING
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
RomanceName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra