Unicode
ယွမ်ဟန်က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေပြီး သူ့ရဲ့တောင့်တင်းနေတဲ့ နောက်ကျောဘက်ကိုသာ မြင်နိုင်တယ်။ မီးဖိုမှ မီးခိုးတစ်လူလူထွက်နေပြီး ယွမ်ဟန်ရဲ့ ပုံရိပ်က မီးခိုးကြားမှာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အတွက် ဝမ်ကျင်း သူ့ကို သေချာမမြင်နိုင်ပေ။
ဝမ်ကျင်း ဒီမြင်ကွင်းကြောင့် သူ့အရင်ဘဝတုန်းကဆင်းရဲတဲ့ စာသင်သားတစ်ယောက်ကို သတိရမိလိုက်တယ်။ ထိုလူက အမွေးနံ့သာပြုလုပ်တာကို အရမ်းသဘောကျတယ်။ သူနံ့သာကို စမ်းသပ်ပြီး မီးရှိ့တဲ့ အချိန်တိုင်း နံ့သာအခိုးအငွေ့တွေက သူ့ပတ်ဝန်းကျင်မှာ ပြန့်နေတတ်တာကြောင့် သူ့ပုံစံက မသေမျိုးတစ်ယောက် တိမ်တိုက်များကြားမှ ပေါ်ထွက်လာသယောင် ဖြစ်နေခဲ့တယ်။
သူက အဲ့လူရဲ့ ရုပ်ရည်ကို သိပ်မဆိုးလှဘူးလို့ထင်တာကြောင့် အိမ်ကိုဖိတ်ခေါ်ခဲ့မိသေးတယ်။ ကြည့်ရတာ အဲ့လူကို ဖိတ်ခဲ့မိတာသိပ်စောသွားသလိုပဲ။ သူသာယွမ်ဟန်ကိုအရင်တွေ့ခဲ့မယ်ဆိုရင် အဲ့စာသင်သားထက်စာရင် ယွမ်ဟန်ကိုပဲ ဖိတ်ခေါ်ခဲ့မှာပေါ့။
ယွမ်ဟန်က အဲ့လူလောက် မသေမျိုးနဲ့ မတူနေခဲ့ရင်တောင်၊ ဆန့်ကျင်ဘက်အနေနဲ့ မီးခိုးတွေက များလွန်းနေပြီး သူ့လှုပ်ရှားမှု့တွေက နူးညံ့မှု တစ်စက်ကလေးမှမရှိနေခဲ့ရင်တောင် သူ(ယွမ်ဟန်)က သူ့(ဝမ်ကျင်း) နှလုံးသား တစ်ခုလုံးကို အရင်းကနေလှုပ်ခတ်စေနိုင်ပြီး ရင်ခုန်သံတိုင်းကို သူ့(ယွမ်ဟန်) ဆီကို ဦးတည်စေနိုင်တယ်။
ဝမ်ကျင်း အနားသို့တိုးကပ်သွားတိုင်း ဟင်းအနံ့တွေက ပိုမွေးလာတယ်။ သူက ခြေဖျားထောက်ပြီး အိုးထဲကို တစ်ချက်ကြည့်လိုက်တယ်။ အိုးထဲမှာ အတော်သင့် လှီးထားသည့် အသားချပ်တစ်ချို့နှင့် ဆန်စေ့လို ပုံစံတူ အစေ့အဆံတစ်ချို့က အသားပေါ်တွင် ကပ်နေတယ်။ ဝမ်ကျင်းက အဲ့အဆံတွေကို တွေ့ ပြီး တစ်ခုခုကို မှတ်မိလိုက်သည်။
ဇီရာစေ့ပဲ!!!!
ပြီးခဲ့တဲ့နှစ်ရက်က သူ့ကို အသီးအရွက်ပုံတွေဆွဲပြတုန်းက ထည့်ဆွဲခဲ့ပေမယ့် မမျှော်လင့်ပဲ သူဒါတွေကို ရှာတွေ့ခဲ့ပြီး ခူးပေးခဲ့တဲ့ အပြင် အသားပိုင်းတွေနဲ့ ရောကြော်ထားသေးတယ်။ အဲ့တာကြောင့် အသားဟင်းက အနံ့သည်လောက် မွှေးနေတာ မဆန်းပါဘူး။
YOU ARE READING
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
RomanceName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra