Unicode
ဝမ်ကျင်း မျက်လုံးကိုပင့် ကြည့်လိုက်တဲ့အခါ အရပ်ရှည်တဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရတယ်။ မူလကိုယ်သည် ယခင်က ထိုလူနှင့် တစ်ခါအဆက်အသွယ်မရှိခဲ့သဖြင့် ထိုလူကို သေသေချာချာ မတွေ့ဖူးခဲ့ပေ။ အခု ဝမ်ကျင်းဟာ အရပ်ရှည်ပြီး ချောမောသော အချိုးအစားကျလှသည့်မျက်နှာသွင်ပြင်ကို မြင်လိုက်ရတယ်။ ထိုသူရဲ့အနီးတစ်ဝှိုက်ရှိလေထုက အလွန်ငြိမ်သက်နေပြီး စစ်ဗိုလ်ချုပ်တစ်ဦးလို အရှိန်အဝါတွေနဲ့ပြည့်နှက်နေတယ်။
ထိုလူရဲ့ မျက်နှာဘယ်ဘက်ခြမ်းမှာ မေးစေ့အထိ ရှည်လျားတဲ့ ကန့်လန့်ဖြတ်အမာရွတ်တစ်ခု ရှိနေတယ်။ နဂိုက ချောမောတဲ့ အသွင်အပြင်က ထိုအမာရွတ်ကြောင့် နည်းနည်းတော့ ကြောက်စရာကောင်းပုံပေါက်နေခဲ့တယ်။ ထိုလူက ဝမ်ကျင်းနားကို ချဉ်းကပ်လာပြီး ဝမ်ကျင်းည်း ထိုလူကိုစိုက်ကြည့်နေမိတယ်။
"နိုးပြီလား မင်းဗိုက်ဆာလား"
ထိုလူက ဝမ်ကျင်းကသူ့အပေါ်သတိထားနေတာကို ခံစားမိတဲ့အတွက် ခြေသုံးလှမ်းအကွာမှာ သူ့(ဝမ်ကျင်း)ဆီလျောက်လာနေတာကို ရပ်တန့်လိုက်တယ်။
ဝမ်ကျင်း ဟာသူ့ဗိုက်ကို တစ်ချက်ပွတ်သပ်လိုက်ပြီး ခေါင်းကိုချက်ချင်းညိတ်လိုက်တယ်။
သူတကယ်ဗိုက်ဆာနေတာ..
မူလကိုယ်ကို မနေ့က လူတစ်စုက နားမလည်သေးခင်မှာ ဖမ်းဆီးပြီး ဘာမှမကျွေးဘဲ ဘယ်သူ့ကိုမှ မမြင်ရတဲ့ ဒီအခန်းထဲမှာ တစ်နေကုန် သော့ခတ်ထားခဲ့ကြတယ်။ ဆိုလိုတာက ဒီမူလကိုယ်ဟာ တစ်နေကုန် ဘာမှမစားရသေးဘူး ဆိုတာပဲ။
ဒါကိုမြင်တော့ ထိုလူက ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ သူဟာ ပန်းကန်တစ်လုံးကို ယူကာအခန်းထဲဝင်လာပြီး ဝမ်ကျင်းကို ပေးလိုက်တယ်။ ဝမ်ကျင်း ခဏတုံ့ဆိုင်းသွားပြီး ပန်းကန်ကိုယူလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ထမင်းတော့စားရမယ်လေ။ အစားအရင်စားမှ နောက်ကိစ္စတစ်ခုကို စဉ်းစားဖို့ အားရှိမှာပေါ့။
ညှီစိုစို့အရသာရှိတဲ့ ဆန်ပြုတ်တစ်လုတ်ကို သောက်ပြီးနောက် ဆိုးရွားလှတဲ့အရသာက ဝမ်ကျင်းကို အန်ချင်သွားစေတယ်။ ဝမ်ကျင်းသည် သည်လောက်အရသာမရှိဆိုးဝါးလှသော အစားအစာကို သူ့အရင်ဘဝကောအခုဘဝမှာပါ တစ်ခါမျှ မစားဖူးကြောင်း ကျိန်ဆိုရဲတယ်။ ဒါဘယ်လိုဖြစ်လို့ဆန်ပြုတ်ဖြစ်နိုင်မှာလဲ။ ဒါကဝက်စာကြီးပဲကို။

STAI LEGGENDO
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
Storie d'amoreName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra