Chapter ~ 23

249 50 1
                                    

Unicode

ဝမ်ကျင်းက ရုတ်တရက်ရောက်လာတဲ့ မုကောအာကို ထူးဆန်းသလိုကြည့်နေခဲ့တယ်။ ကြည့်ရတာ ယွမ်ဟန်က မုကောအာကို ကူညီဖို့သွားခေါ်လာတာဖြစ်ရမယ်။ ဒါပေမယ့် အဲ့လူဘယ်ရောက်သွားလဲ??
သူမုကောအာကို ကျော်ပြီး အနောက်ကို ကြည့်လိုက်ပေမယ့် လူကို မတွေ့ရပေ။

မုကောအာက အမေးမျက်နှာနဲ့ ဝမ်ကျင်းကို တစ်ချက်ကြည့် လိုက်ပြီး ခပ်ဟဟ ရယ်မောလိုက်လေတယ်။

" အစ်ကိုကြီးဟန်က အားယွမ်နဲ့ မျိုးနွယ်စုထဲက လူအိုကြီးတွေကို သွားတွေ့တယ် "

မုကောအာက လူအိုကြီးတွေဆိုတဲ့ အချက်ကို သေချာထောက်ပြပြီးပြောလာခဲ့တယ်။

" အော "

ဝမ်ကျင်းဆီက မသိမသာစိတ်ပျက်နေတဲ့ လေသံနဲ့ မကျေမနပ်အသံလေးထွက်လာတယ်။

မုကောအာပြောလာသောအကြောင်းအရာတို့သည် တစ်စက်ကလေးမှ သူ့အာရုံတွင်း ရောက်မသွားပေ။

မုကောအာက လက်လျော့လိုက်သလို ခေါင်းကိုခပ်ဖွဖွရမ်း၍ ဆက်မပြောတော့ပဲ ဝမ်ကျင်းလုပ်နေသည်ကို ကြည့်ရန်သာ အရှေ့သို့ လျှောက်လာလေသည်။

ဝမ်ကျင်း သည် မုကောအာဆီသို့ အာရုံမရောက်နိုင်ပေ။ သွယ်လျသော လက်ချောင်းများက ပါးလွှာနေသည့် အဖြူရောင်ချည်မျှင်များပေါ်တွင်ပြေးလွှားနေခဲ့ပြီး ချည်မျှင်ရစ်ထားသောလွန်းက တန်းထားသော ချည်တန်းများ၏ တစ်ဖက်မှတစ်ဖက်သို့ အပြန်ပြန်အလှန်လှန် ဖြတ်သန်းနေတယ်။

မေးခွန်းတချို့ မေးလိုသော်လည်း ထူးထူးဆန်းဆန်း အာရုံဝင်စားနေသည့် ဝမ်ကျင်းကို ကြည့်ကာ ပါးစပ် ကိုစိလိုက်ပြီး သူလုပ်ကိုင်နေသည်ကိုသာ မေးစေ့ကို လက်ထောက်၍ကြည့်နေလိုက်သည်။

အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် ဝမ်ကျင်းရဲ့ဘေးမှာ ရက်လုပ်ပြီးအထည်တချို့ ကိုတွေ့လိုက်ရတယ်။

ယက်လုပ်ထားသည်က သေးငယ်သောအပိုင်းတစ်ခုသာဖြစ်သော်လည်း ဆက်လုပ်သွားမည်ဆိုပါက ကြီးမားသည့် အထည်စတစ်စဖြစ်လာမည်ပင်။ မုကောအာက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး အထည်စ၏ မျက်နှာပြင်ကို ပွတ်သပ်ကြည့်လိုက်သည်။ ထိုအရာ၏အထိအတွေ့က ဝမ်ကျင်းမူလက ဝတ်ထားသည့် အဝတ်အစားများနည်းတူ နူးညံ့ပြီး အေးမြနေလေသည်။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now